မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယခုရာသီတွင် ဖလား(၄)လုံးချန်ပီယံဖြစ်ရန် ပစ်မှတ်ထားနေကြောင်း အတိအလင်း ဝန်ခံခဲ့သည်။
ထို့ပြင် ၎င်းက မန်စီးတီးအသင်းသည် သမိုင်းစံချိန်တင် ဖလား(၄)လုံးရည်မှန်းချက်အတွက် အကောင်းဆုံးပုံစံတွင်ရှိနေသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။
ဂွါဒီယိုလာသည် ယနေ့တွင်ကစားမည့် ဖူလ်ဟမ်နှင့်ပွဲအတွက်ပြုလုပ်သော ကစားသမားများနှင့်တွေ့ဆုံမှုတွင် ယင်းရည်မှန်းချက်အတွက် ယုံကြည်မှုမြင့်တက်စေရန် တွန်းအားပေးခဲ့သည်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
'' ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာရော ခြေထောက်တွေပါ လန်းဆန်းနေတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ ကြိုးစားရပါမယ်။ အခု ခက်ခဲတဲ့ရည်မှန်းချက်အတွက် ဆက်သွားရမှာပါ။ ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ အတွေ့အကြုံပါပဲ။ ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ဖိအားမရှိရင် ဘာဆုဖလားမှ ရမှာမဟုတ်ပါဘူး။ အင်္ဂလန်မှာ ဖလားသုံးလုံးချန်ပီယံ ဆာအဲလက်စ်ဖာဂူဆန်နဲ့ မန်ယူအသင်း ရရှိဖူးတဲ့ (၁)ကြိမ်ပဲရှိခဲ့ပါတယ်။ အင်္ဂလိပ်ဘောလုံးမှာ ဖလား(၄)လုံးရဖူးတဲ့အသင်း မရှိပါဘူး'' ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ဗြိတိန်ဘောလုံးလောကတွင် ဆဲလ်တစ်က ၁၉၆၇ ခုနှစ်တွင် ဖလား(၄)လုံးဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးအသင်းအဖြစ် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။
အင်္ဂလိပ်ဘောလုံးတွင်မူ ၂၀၀၇ ခုနှစ်တွင် မော်ရင်ဟို၏ချယ်လ်ဆီး၊ ၂၀၀၉ ခုနှစ်တွင် ဖာဂူဆန်၏မန်ယူအသင်းများမှာ ယင်းအခွင့်အရေးမျိုးရရှိခဲ့သော်လည်း အဆုံးသတ်တွင် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
