ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လာလီဂါတွင် အဓိကပြိုင်ဘက်ဖြစ်ခဲ့သည့် စီရော်နယ်လ်ဒိုကို သတိရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက စီရော်နယ်လ်ဒိုကို လာလီဂါတွင် ဆက်လက်ကစားစေချင်မိသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။
ဘောလုံးလောက၏ ထာဝရအကောင်းဆုံးကစားသမားများအဖြစ် အများစုက သတ်မှတ်ခြင်းခံထားရသူ(၂)ဦးမှာ စပိန်တွင် (၉)နှစ်ကြာ မဟာပြိုင်ဘက်များအဖြစ် ဖြတ်သန်းခဲ့ရာမှ ပြီးခဲ့သည့်နွေရာသီတွင် စီရော်နယ်လ်ဒို အသင်းပြောင်းသွားမှုကြောင့် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
'' ကျွန်တော် ခရစ္စတီယာနိုကို သတိရပါတယ်။ သူဆုဖလားတွေ ကိုင်မြှောက်ချိန်မှာ လက်ခံဖို့ခက်ခဲပေမယ့် သူဟာ လာလီဂါကို သြဇာတိက္ကမပိုကြီးထွားလာအောင် စွမ်းဆောင်ပေးခဲ့သူပါ။ ဂျူဗင်တပ်စ်အသင်းဟာ ခရစ္စတီယာနို ရောက်လာပြီးကတည်းက ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအနေအထားမှာရှိပါတယ်။ ပြီးတော့ အက်သလက်တီကိုနဲ့ပွဲက သူတို့ကို ယုံကြည်မှု မြင့်မားလာစေပါလိမ့်မယ်'' ဟု မက်ဆီက အာဂျင်တီးနားအခြေစိုက် FM 947 Club သို့ ပြောကြားခဲ့သည်။
ထို့ပြင် မက်ဆီက သူ့စိတ်ကြိုက် ကမ္ဘာ့အကောင်းဆုံးကစားသမားများကိုလည်း ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။
'' တစ်စုံတစ်ယောက်ကို ချန်ထားခဲ့လိုတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ နေမာ၊ ဘာပေ၊ ဆွာရက်ဇ်၊ ဟာဇက်၊ အဂွဲရိုးတို့က တော့ အကောင်းဆုံးတွေပါပဲ။ စီရော်နယ်လ်ဒိုကို ဒီစာရင်းမှာမထည့်တာက ကျွန်တော်နဲ့အတူ သူ့ကို သက်သက်ပဲ ထားချင်လို့ပါ'' ဟု မက်ဆီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
