မြန်မာ MMAကစားသမား အောင်လ အန်ဆန်က မတ်(၃၁)ရက်တွင် ဂျပန်နိုင်ငံ၌ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ် ပွဲအဖြစ် ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည့်ပွဲအတွက် ပရိသတ်များအနေ ဖြင့် မစိုးရိမ်ရန် ပွဲကြိုသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
One Championship သည် A New Era ဟု အမည်ပေးထားသည့် ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပခဲ့ ရာ အောင်လအန်ဆန်အပါအဝင် ယင်းပြိုင်ပွဲ၌ ထိုးသတ်မည့် ကစားသမားအများစု တက်ရောက်ခဲ့သည်။
အောင်လအန်ဆန်က ''ကျွန်တော့်ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲက ပြည်ပနိုင်ငံမှာ ပထမဆုံးထိုး သတ်ရမှာဖြစ်ပေမယ့် ဆယ်စုနှစ်တစ်ခုကျော်လောက် ပြည်ပနိုင်ငံတွေမှာ ထိုးသတ်ဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ ဒါကြောင့် ပရိသတ်တွေကို မစိုးရိမ်ဖို့ ပြောချင်ပါတယ်။ အကောင်းဆုံးပြင်ဆင်ထားပြီး အကောင်းဆုံးအနေအထားလည်း ရနေပါပြီ။ ချန်ပီယံဆုကို ကာကွယ်မှာပါ''ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
