YBS ယာဉ်လိုင်းများပေါ်တွင် ယာဉ်မောင်းကိုယ်တိုင် ယာဉ်စီးခကောက်ခံပါက ပုံနှင့်တကွ တိုင်ကြားနိုင်ကြောင်း YRTC မှ သိရသည်။
YBS ယာဉ်လိုင်းအချို့တွင် ယာဉ်အကူများထားရှိခြင်း၊ ယာဉ်မောင်းကိုယ်တိုင် ယာဉ်စီးခကောက်ခံခြင်း၊ YPS စက်များကို ပိတ်ထားမှုများရှိနေကြောင်း YBS စီးခရီးသည်များကဆိုသည်။
” ဒါမျိုးတွေကို လုံးဝခွင့်မပြုထားဘူး။ ခရီးသည်တွေအနေနဲ့ ပုံနဲ့တကွတိုင်ကြားလို့ရပါတယ်။ Call Centre ဖုန်းတွေကို အချိန်ပြည့်ဖွင့်ထားပါတယ်။ စနစ်ဟောင်းကို ပြန်သွားမှာမဟုတ်ဘူး။ အခုသွားနေတဲ့ စနစ်သစ်က တော်တော်လေးကို အဆင်ပြေတယ်။ ခရီးသည်တွေအနေနဲ့ တိုင်ကြားလို့ရပါတယ်။ အရေးလည်းယူနေပါတယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ ပြော သည်။
YRTC ၏ စီမံခန့်ခွဲမှုအောက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ (၂၁) ခု ယာဉ်အစီးရေ (၅၀၀၀) ကျော်ရှိပြီး နေ့စဉ် ယာဉ်အစီး ရေ (၄၀၀၀) နီးပါးပြေးဆွဲနေကာ ခရီးသည်ဦးရေ ၁ ဒသမ ၅ သန်းခန့် နေ့စဉ် ပို့ဆောင် နေကြောင်း သိရသည်။
YBS ယာဉ်များအနေဖြင့် ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ဘေးတံခါးဖွင့်၍ မောင်းနှင်ခြင်း၊လမ်းပြောင်းပြန် မော င်းနှင်ခြင်း၊ မီးနီဖြတ်မောင်းနှင်ခြင်းစသည့် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကြောင့် ေ-သဆုံးမှု၊ ဒဏ်ရာရမှုများရှိနေရာ YRTC အနေဖြင့် Traffic Control Center မှ Telematics စက်များ၊ CCTV record မှတ်တမ်းများဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
” ယာဉ်မောင်းတော်တာ်များများက ကတ်နဲ့ စီးရင်မကြိုက်ချင်ဘူး။ တော်တော်များများက စက်ပျက်နေတယ်လို့ပြောကြတယ်။ ယာဉ်စီးခဆိုလည်း ပုံးထဲမထည့်နဲ့ သူတို့လက်ထဲပဲထည့်။ ၅၀၀ တန်ပေးရင် ၁၀၀ ပြန်မအမ်းဘူး။ တော်တော်ဆိုးတယ်”ဟု YBS စီးခရီးသည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
