စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုဆောင်ရွက်နေရာ အောက်တိုဘာလ (၂၇) ရက်တွင် ရာခိုင်နှုန်း ပြည့်ပြီးစီးကြောင်း သိရသည်။
မုံရွာခရိုင်တွင် ကောက်ကွက် (၄၉၆) ရှိ အိမ်ထောင်စုပေါင်း (၄၆၇၁၅)၊ လူဦးရေ ကျား (၇၉၄၈၈) ဦး၊ မ (၉၉၅၈၂)ဦး၊စုစု ပေါင်း (၁၇၉၀၇၀) ဦး နှင့် အဖွဲ့အစည်းပေါင်း (၁၀၂၉) ဖွဲ့ ကို ရာခိုင်နှုန်းပြည့် ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။
မုံရွာခရိုင် ၊ မုံရွာမြို့နယ်တွင် ကောက်ကွက်ပေါင်း (၄၂၆) ကွက်ရှိကာ၊ စာရင်း စစ်/စာရင်းကောက် (၁၇၅) ဦး၊ ချောင်းဦးမြို့နယ်တွင် ကောက်ကွက်ပေါင်း (၃၇) ကွက်ရှိကာ၊ စာရင်း စစ်/စာရင်းကောက် (၂၀)ဦး၊ ဘုတလင်မြို့နယ်တွင် ကောက်ကွက်ပေါင်း (၁၁) ကွက်ရှိကာ၊ စာရင်းစစ်/စာရင်းကောက် (၁၀)ဦး၊ အရာတော်မြို့နယ်တွင် ကောက်ကွက်ပေါင်း (၂၂) ကွက်ရှိကာ၊ စာရင်းစစ်/စာရင်းကောက် (၂၄)ဦးဖြင့် အောက်တိုဘာ (၁) ရက်မှ (၂၇) ရက်အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။
မုံရွာခရိုင်အတွင်းရှိ မြို့နယ်များအလိုက် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မုံရွာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ ဆရာမ များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ကောက်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
