ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့တွင် စားသောက်ရေးခက်ခဲနေသည့် ဒေသခံ အိမ်ထောင်စု ၉၅၀ စု အတွက် ဆန်အပါအဝင် အခြားစားသုံးကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းသွားရန်ရှိကြောင်း လားရှိုးအခြေစိုက် Freedom Youth Organization (FYO)ထံမှသိရသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းမှုသည့် (၄) ကြိမ်မြောက်ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း လှူဒါန်းနိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့အခြေစိုက် Freedom Youth Organization (FYO)သည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်ခြင်းမရှိဘဲ ဒေသတွင်း သီးခြားရပ်တည်၍ အ လှူရှင်များ လှူဒါန်းမှုဖြင့် ထောက်ပံ့နေခြင်းဖြစ်သလို ကူညီကယ်ဆယ်ရေးများကိုလည်း လုပ်ဆောင်ပေးနေသည့် ဒေသတွင်း တစ်ခုတည်းသော လူမှုကူညီရေးအဖွဲ့တစ်ဦးဖြစ်ကြောင်း သိရသည်။
“(၄)ကြိမ်မြောက်ဆန်လှူဒါန်းရန် ခက်ခဲသော အိမ်ထောင်စု (၉၅၀)စာအတွက် FYO ပြင်ဆင်နေပါပြီ။အဖက်ဖက်မှကူညီပေးပါသောအလှူရှင်များနှင့် TWO ကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟု ၎င်းတို့၏ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားမျှဝေထားသည်။
လားရှိုးမြို့ ရှိ ဒေသခံ ပြည်သူများအား FYO မှ လှူဒါန်းရာ တွင် ယခု အောက်တိုဘာ (၁၀) ရက်နေ့အတွင်း တစ်ကြိမ်၊ စက်တင်ဘာလ (၁၇)ရက်တွင် တစ်ကြိမ်၊ ဩဂုတ်လ(၂၇) ရက်တွင် တစ်ကြိမ် စုစုပေါင်း အိမ်ထောင်စု (၃၆၀၀) ကျော်ကို လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
