မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ရေဘေးကာလအလွန် စိတ်ပိုင်းဆိုင်ရာခံစားနေရသူများအတွက် စိတ်ပိုင်းဆိုင်ရာ၊ လူ မှုပိုင်းဆိုင်ရာ အားပေးကူညီနိုင်မရန် စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း သင်တန်းကို ယနေ့ အောက်တိုဘာ (၂၈) ရက်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်သည် မြန်မာနိုင်ငံ ကြက်ခြေနီစေတနာ လုပ်အားရှင်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီကြသည့်အခါ သိသင့်သည်များကိုသိရှိနိုင်စေရန် သင်တန်းပို့ချခြင်းဖြစ်ပြီး၊ သင်တန်းကို အောက်တိုဘာလ (၂၈)ရက်မှ အောက်တိုဘာလ (၃၀)ရက်အထိ (၃) ရက်တာဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းသို့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သင်တန်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ယနေ့ သင်တန်းဖွင့်ပွဲအခမ်းအနားသို့အသင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူများ၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူများနှင့် သင် တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
