အဲဗာတန်တောင်ပံကစားသမား ဂေါ်ဒွန်အား ပေါင် သန်း ၄၀ ဖြင့်ခေါ်ယူရန် နယူးကာဆယ်အသင်း သဘောတူညီမှုရရှိ
24htopnews | October 28, 2024 11:12 PM CST
နယူးကာဆယ်အသင်းသည် အဲဗာတန်တောင်ပံကစားသမား ဂေါ်ဒွန်အား ပေါင်သန်း ၄၀+ Add-ons ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း သိရသည်။
အသက် ၂၁ နှစ်အရွယ်ရှိ အင်္ဂလန် တောင်ပံကစားသမား ဂေါ်ဒွန်အား ခေါ်ယူရန် နယူးကာဆယ်နှင့် ချယ်လ်ဆီးအသင်းတို့က အပြိုင် စိတ်ဝင်စားခဲ့ကြပြီး ယခုအခါ နယူးကာဆယ် အသင်းက ခေါ်ယူရန် သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။
Daily Mail သတင်းစာ၏ ဖော်ပြချက်အရ ဂေါ်ဒွန်၏ ပြောင်းရွှေ့ကြေး မှာ Add-ons ကြေးများကိုပါ ထည့်တွက်မည်ဆိုပါက ပေါင် ၄၅ သန်းအထိ ရှိလာနိုင်ကြောင်း သိရသည်။
ဂေါ်ဒွန်၏ အပြောင်းအရွှေ့မှာ စာရွက်စာတမ်းနှင့် ညှိနှိုင်းမှုများပြုလုပ်ရန်သာ ကျန်ရှိတော့ပြီး ယခုရက်သတ္တပတ်အတွင်း အပြောင်းအရွှေ့ ပြီးမြောက်ဖွယ်ရှိနေကြောင်းသိရသည်။
ဂေါ်ဒွန်သည် အဲဗာတန်အတွက် ယခုရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲတွင် သုံးဂိုးသွင်းထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
