ကစားသမားအပြောင်းအရွှေ့များတွင် မသမာမှုများပြုလုပ်ခဲ့မှုကြောင့် ယခုရာသီ စီးရီးအေပြိုင် ပွဲတွင် (၁၅) မှတ်အလျှော့ခံရပြီးနောက် အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် ဂျူဗင်တပ်စ်အသင်းသည် အသင်းနည်းပြ အယ်လီဂရီကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် (၂) ရာသီအတွင်း ကစားသမားအပြောင်းအရွှေ့ကိစ္စများတွင် စာရင်းလိမ်လည်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်က ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် (၁၅) မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခဲ့ရသည်။ ယင်းဖြစ်ရပ်များကြောင့် အသင်းဥက္ကဋ္ဌ အဂ္ဂါနယ်လီနှင့် ဒုဥက္ကဋ္ဌ နက်ဗက်တို့ ရာထူးမှ နုတ်ထွက်ခဲ့ရသော်လည်း ၎င်းတို့ခန့်အပ်ခဲ့သည့် အယ်လီဂရီမှာမူ ဂျူဗင်တပ်စ်အသင်း၏ နည်းပြအဖြစ် ဆက်လက်ကျန်ရှိနေခဲ့သည်။
ဂျူဗင်တပ်စ်အသင်း သည် လက်ရှိတွင် (၁၅) မှတ်လျှော့ ပြစ်ဒဏ်အတွက် အယူခံဝင်ထားပြီး အသင်း၏အနာဂတ် မတည်မငြိမ်ဖြစ်နေချိန်တွင် နည်းပြဖြစ်သူ အယ်လီဂရီကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ် တစ်ရပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်း မိခင်ကုမ္ပဏီဖြစ်သည့် Exor ၏ အမှုဆောင်ချုပ်ဖြစ်သူ ဂျွန်အယ်လ်ကန်က အယ်လီဂရီအနေဖြင့် အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် ဂျူဗင်တပ်စ်အသင်းကို အကောင်းဆုံးဦးဆောင်နိုင်မည်ဟု ယုံကြည်နေပြီး ၎င်းကိုစာချုပ်သစ်ချုပ်ဆိုရန် အသင့်ရှိနေကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။
ဂျူဗင်တပ်စ် အသင်းနှင့် ချုပ်ဆိုထားသည့် အယ်လီဂရီ၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း ဂျူဗင်တပ်စ်အသင်းသည် ၎င်းကို နှစ်ရှည်စာချုပ်ချုပ်ဆိုလိုနေခြင်းဖြစ်သည်။ အယ်လီဂရီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ဂျူဗင်တပ်စ်အသင်းကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ဂျူဗင်တပ်စ်အသင်းကို ပထမအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ်အထိ မေလ အထိ ကိုင်တွယ်ခဲ့ဖူးပြီး ယင်းကာလအတွင်း စီးရီးအေချန်ပီယံဆု (၅) ကြိမ်၊ ကိုပါအီတလီယာဖလား (၄) ကြိမ်၊ အီတလီစူပါဖလား (၂) ကြိ်မ်အပါအဝင် ဆုဖလား (၁၁) လုံးအထိ ရယူပေးနိုင်ခဲ့သည်။ ထို့ပြင် အယ်လီဂရီသည် ၂၀၁၄-၁၅ နှင့် ၂၀၁၆-၁၇ တို့တွင် ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
