လိုင်ယွန်အသင်းဥက္ကဋ္ဌ ယန်းမီချယ်အူလက်စ်က လူငယ်ကြယ်ပွင့်ကစားသမား မာလိုဂူစတိုအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် ၁၉ နှစ်သာရှိသေးသည့် ပြင်သစ် ယူ-၂၁ လက်ရွေးစင် ညာနောက်ခံလူ ဂူစတိုကို ချယ်လ်ဆီးအသင်းက ဇန်နဝါရီအပြောင်း အရွှေ့ကာလမပြီးဆုံးခင် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ ဂူစတို ၏စာချုပ်မှာ တစ်နှစ်ခွဲကျန်ရှိနေသေးပြီး ကစားသမားကိုယ်တိုင်က ချယ်လ်ဆီးအသင်းသို့ပြောင်းရွှေ့ရန် ဆန္ဒရှိနေသလို ခြောက်နှစ်ခွဲ စာချုပ်ချုပ်ဆိုရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
သို့သော် အူလက်စ်က "မာလိုဂူစတိုရဲ့အခြေအနေကို ရှင်းပြရတာ ကျွန်တော်ဝမ်းသာပါတယ်။ သူက လိုင်ယွန်ရဲ့ အရည်အသွေးမြင့်မားတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့အနေနဲ့ အနည်းဆုံး ၂၀၂၃၊ ဇွန် ၃၀ ရက်အထိ လိုင်ယွန်မှာပဲ ဆက်ကစားသွားမှာပါ" ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းက ဂူစတိုအတွက် ယူရိုသန်း ၂၀ ဖြင့် ကမ်းလှမ်းထားပြီး လိုင်ယွန်အသင်းကမူ ယူရိုသန်း ၄၀ ဝန်းကျင်ရရှိမှသာ ရောင်းချဖွယ်ရှိနေသည်။ လိုင်ယွန်အသင်းသည် ယခင်ကလည်း ဘန်ဇီမာ၊ လိုရစ်၊ လာကာဇက်၊ ဒီပိုင်းတို့၏သတင်းများကို ငြင်းဆန်ခဲ့ပြီးနောက် အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
