ဘရိုက်တန် - လီဗာပူးလ် (တနင်္ဂနွေည ၈း၀၀ နာရီ)
ဘရိုက်တန်နဲ့ လီဗာပူးလ်တို့က သိပ်မကြာသေးခင်ကမှ ပရီးမီးယားလိဂ်မှာ တွေ့ဆုံထားပြီး ဘရိုက်တန်က လီဗာပူးလ် ကို ဂိုးပြတ်အနိုင်ကစားထားတာတွေ့ရတယ်။ ပထမအကျော့တုန်းကလည်း အန်ဖီးလ်ကွင်းမှာ ဘရိုက်တန်က (၃-၃) သရေ ကစားထားတယ်ဆိုတော့ ဘရိုက်တန်အသင်းက လီဗာပူးလ်ကို ဂိုးတွေသွင်းလာနိုင်တာကို တွေ့ရပြီး လီဗာပူးလ်နဲ့ ကစားဖို့အ တွက် ရှိနေမှာ မဟုတ်ဘူးဆိုတာလည်း တွေ့ရတယ်။ ဒါ့အပြင် အိမ်ကွင်းမှာ ပူပူနွေးနွေး ဂိုးပြတ်သွင်းထားတဲ့ အသင်းနဲ့ ပြန်က စားရမယ့် အခြေအနေ၊ လီဗာပူးလ်အသင်း ခြေပျက်နေတဲ့ အခြေအနေဖြစ်နေတာတွေကလည်း ဘရိုက်တန်ကို အားကောင်း စေမယ့် အချက်တွေဖြစ်တယ်။ လက်ရှိ တိုက်စစ်ပိုင်းအရဆိုရင် လီဗာပူးလ်က နောက်ဆုံး (၅)ပွဲမှာ (၄)ဂိုးပဲ ရခဲ့တာကို တွေ့ရ တယ်။ ဘရိုက်တန်အသင်းက နောက်ဆုံး (၅)ပွဲမှာ (၁၆)ဂိုးတောင် သွင်းခဲ့တာကိုတွေ့ရတယ်။ ဒါကြောင့် ဘရိုက်တန်အသင်း ရဲ့ ကွင်းမှာ ဘရိုက်တန်ကိုပဲ ကြိုက်တယ်။
စတုတ်စီးတီး - စတီဗန်နေ့ချ် (တနင်္ဂနွေည ၈း၃၀ နာရီ)
စတုတ်စီးတီးက ရလဒ်ပိုင်း အနည်းငယ် ယိမ်းယိုင်နေ တာကို တွေ့ရတယ်။ ဒါပေမဲ့ Current Form အရ ရှုံးပွဲတွေ များနေပေမဲ့ ရာသီတစ်လျှောက်လုံးအနေနဲ့ကြည့်ရင် တိုးတက် လာတယ်လို့တောင် ပြောရမယ်။ လိဂ်ချန်ပီယံရှစ်မှာ တန်းမ ဆင်းရဖို့အတွက် ရုန်းကန်နေရတဲ့အသင်းလည်းဖြစ်တယ်။ စ တီဗန်နေ့ချ်က နိုင်ပွဲတွေ ဆက်တိုက်ရနေပေမဲ့ လိဂ်-၂ အဆင့် မှာ ရနေတာပါ။ စတုတ်စီးတီးရဲ့ကွင်းလည်းဖြစ်နေလို့ စတုတ် ကိုပဲ ကြိုက်တယ်။
ဝရက်ဇ်ဟမ်း - ရှက်ဖီးယူနိုက်တက် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
နှစ်သင်းစလုံးက နိုင်ပွဲတွေဆက်တိုက်ယူနေတဲ့အသင်း တွေပါ။ ဒါပေမဲ့ ဝရက်ဇ်ဟမ်းက နေရှင်နယ်လိဂ်လို ဆီမီးပရို လိဂ်မှာ ထိပ်ဆုံးရောက်နေတဲ့ အသင်းဖြစ်ပြီး ရှက်ဖီးယူနိုက် တက်အသင်းကတော့ လိဂ်ချန်ပီယံရှစ်မှာ ဘန်လေကို အမီ လိုက်ဖို့ ကြိုးစားနေတဲ့ ဒုတိယနေရာက အသင်းဖြစ်တယ်။ ဒီ နှစ်သင်းကြား အင်အား၊ ခြေစွမ်း၊ အရည်အသွေး အစစအရာရာ ကွာခြားလွန်းပါတယ်။ အဝေးကွင်းဆိုပေမဲ့ ရှက်ဖီးယူနိုက်တက် ပဲ နိုင်ပွဲယူသွားလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
