ချယ်လ်ဆီး တောင်ပံကစားသမား ဇီယာ့ရှ်ကို ခေါ်ရန် ဇာနီယိုလိုကို ရိုးမား ရောင်းထုတ်ရမည်
24htopnews | October 28, 2024 11:12 PM CST
ရိုးမားအသင်းသည် ချယ်လ်ဆီး တောင်ပံကစားသမား ဇီယာ့ရှ်ကိုခေါ် ယူနိုင်ရန်အတွက် အသင်းကွင်းလယ်ကစားသမား ဇာနီယိုလိုကို အရင်ရောင်းထုတ်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ချယ်လ်ဆီးအသင်းသည် အသက် (၂၉) နှစ်အရွယ်ရှိ မော်ရိုကို တောင်ပံကစားသမား ဇီယာ့ရှ်ကို ပြည်တွင်းပြိုင်ဘက်ထံ ရောင်းချလိုခြင်းမရှိဘဲ ရိုးမားအသင်းသို့ ရောင်းချရန်သဘောတူထားကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
ချယ်လ်ဆီး အသင်းသည် ဇီယာ့ရှ်အတွက် အနည်း ဆုံး ယူရို (၂၅) သန်း အလိုရှိနေပြီး ၎င်း၏တစ်နှစ်လစာမှာ ယူရို (၆.၅) သန်းဖြစ်ကြောင်း သိရသည်။ ရိုးမား အသင်းသည် ဇီယာ့ရှ်ကို ကမ်းလှမ်းရန်အတွက် အသင်းကွင်းလယ်ကစားသမား ဇာနီယိုလိုကို ရောင်းထုတ်ရန် စီစဉ်နေပြီး ၎င်းကိုခေါ်ယူရန် အေစီမီလန်က စိတ်ဝင်စားနေသည်။
ရိုးမားအသင်းသည် ဇာနီယိုလိုအတွက် ယူရိုသန်း (၄၀) အလိုရှိနေကြောင်းလည်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
