ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါပွဲစဉ် (၁၈)ပွဲကစားပြီးချိန်တွင် အသင်း၏ ခံစစ်စွမ်းဆောင်ရည် မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး၊ ဂိုးသမားစတီဂန်မှာလည်း ဒီပို့တီဗိုဂန္ထဝင်ဂိုးသမား ဖရန်စ္စကိုလီယာနို၏ ပွဲစဉ်(၁၈)အပြီး ပေးဂိုးအနည်းဆုံးစံချိန်မှတ်တမ်းတစ်ခုအား လိုက်မီနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် နည်းပြဇာဗီလက်အောက် ယခုရာသီတွင် ခံစစ်စွမ်းဆောင်ရည်မှတ်တမ်းကောင်းများကို ပိုင်ဆိုင်ထားပြီး အသင်း၏ ခံစစ်ကစားပုံမှာလည်း တစ်ပွဲထက်တစ်ပွဲပိုမိုကျစ်လျစ်တည်ငြိမ်လာခဲ့ကြောင်း စပိန်မီဒီယာများဖော်ပြခဲ့ကြသည်။ ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၁၈)ပွဲကစားပြီးချိန်တွင် ဂိုးမပေးရသည့်ပွဲ (Clean Sheet) (၁၄)ပွဲအထိရယူနိုင်ခဲ့ပြီး ပေးဂိုး (၆)ဂိုးသာခွင့်ပြုထားရသေးကြောင်း သိရသည်။ ယင်းစွမ်းဆောင်ရည်မှာ ဘာစီလိုနာအသင်းအတွက် (၂၁)ရာစုအတွင်း အသင်း၏လာလီဂါပွဲစဉ် (၁၈)အပြီး Clean Sheet အရေအတွက်အများဆုံးနှင့် ပေးဂိုးအနည်းဆုံး စံချိန်မှတ်တမ်းသစ်ဖြစ်လာခဲ့ကာ၊ ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါပြိုင်ပွဲသမိုင်း၏ တစ်ရာသီအတွင်း ပေးဂိုးအနည်းဆုံးစံချိန်ကို ချိုးဖျက်နိုင်ရန်လည်း အခွင့်အရေးရှိနေပြီဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါ ပြိုင်ပွဲတွင် Clean Sheet ပွဲအရေအတွက်အများဆုံးရယူနိုင်သည့်အသင်းအဖြစ်မှတ်တမ်းဝင်ထားသလို၊ ပြိုင်ပွဲစုံတွင်လည်း Clean Sheet (၁၆)ပွဲရယူထားကာ ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပြိုင်ပွဲစုံ Clean Sheet အများ ဆုံးရသည့်အသင်းအဖြစ် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ် (၁၆ ပွဲ)နှင့် ပူးတွဲမှတ်တမ်းဝင်နေကြောင်း သိရသည်။ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ပေးဂိုးအနည်းဆုံးပေးခဲ့ရသည့်အသင်းများအဖြစ် ဒီပို့တီဗို (၁၉၉၃-၉၄)နှင့် အက်သလက်တီကို (၂၀၁၅-၁၆) တို့က (၁၈)ဂိုးသာပေးခဲ့ရကာ စံချိန်တင်ရှိထားပြီး ယခုရာသီလာလီဂါပွဲစဉ် (၁၈)ပွဲကစားပြီးချိန်တွင် (၆)ဂိုးသာခွင့်ပြုထားရသည့် ဘာစီလိုနာအနေဖြင့် ရာသီကုန်တွင် ယင်းစံချိန်မှတ်တမ်းကို ချိုးဖျက်နိုင်ဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဘာစီလိုနာအသင်း၏ ခံစစ်မှတ်တမ်းကောင်းများနှင့်အတူ အသင်း၏ဂျာမနီလက်ရွေးစင်ဂိုးသမား စတီဂန်မှာလည်း လက်ရှိအချိန်တွင် အသင်းအတွက် လာလီဂါပွဲစဉ် (၁၈)ပွဲကစားပေးရာတွင် (၆)ဂိုးသာခွင့်ပြုထားရပြီး ဒီပို့တီဗိုဂန္ထဝင်ဂိုးသမား လီယာနို (၁၉၉၃-၉၄၊ လာလီဂါ ၁၉ ပွဲကစားပြီးချိန်တွင် ၆ ဂိုးသာခွင့်ပြုထား)၏ စံချိန်ကိုလိုက်မီရန် Clean Sheet တစ်ပွဲသာထပ်မံလိုအပ်တော့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
