လာမည့်နွေရာသီတွင် အသင်း၏တိုက်စစ်ပိုင်းအတွက် ဂျော်အိုဖေးလစ်အားခေါ်ယူရန် ဘာစီလိုနာစီစဉ်နေ
24htopnews | October 28, 2024 11:12 PM CST
ဘာစီလိုနာအသင်းသည် ချယ်လ်ဆီးအသင်းထံ ရာသီဝက်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေသည့် အက်သလက်တီကိုတောင်ပံကစားသမား ဂျော်အိုဖေးလစ်အား လာမည့်နွေရာသီတွင်ခေါ်ယူရန်စီစဉ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၂၃)နှစ်အရွယ်ရှိ ဂျော်အိုဖေးလစ်သည် ဘင်ဖီကာအသင်းနှင့်အတူ ၂၀၁၉ ခုနှစ် Golden Boy ကိုရရှိသည်အထိအောင်မြင်ခဲ့သော်လည်း အက်သလက်တီကိုအသင်းထံ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ပြီးနောက် နည်းပြဆီမြွန်နီလက်အောက်တွင် ပုံမှန်နေရာရရန် ရုန်းကန်ခဲ့ရသူဖြစ်သည်။
ဂျော်အိုဖေးလစ်သည် အက်သလက်တီကိုအသင်းနှင့်၂၀၂၇ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပြီး အက်သလက်တီကိုအသင်းအနေဖြင့် ဘာစီလိုနာအသင်းမှ ဒတ်ချ်တာင်ပံကစားသမား ဒီပိုင်းကို ခေါ်ယူပြီးဖြစ်သောကြောင့် ဘာစီလိုနာအသင်းသည်လည်း ဂျော်အိုဖေးလစ်အား ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
