ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နံနက် ၆ နာရီခွဲခန့်က မိုင်းဖောက်ခွဲရန်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ (၂)ဦးသေဆုံးပြီး (၁)ဦးအား လက်လုပ်မိုင်းတစ်လုံးနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၂)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ အ.မ.က(၃၀)အနီး၌ အမျိုးသား(၂)ဦးမိုင်းစထိမှန်ဒဏ်ရာများဖြင့် လဲကျနေကြောင်းသတင်းအရ လုံခြုံရေးအဖွဲ့ဝင်များကသွားရောက်စစ်ဆေးရာ လဲကျနေသူများမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဖိုးလပြည့်(၂၉) နှစ်နှင့် ပိုင်မင်းထက်(၂၀)နှစ်တို့ဖြစ်ကြောင်း စီစစ်သိရှိခဲ့ရသည်။
ထို့ကြောင့် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်- ၁၀၀၀)သို့ပို့ဆောင်၍ ဆေးကုသပေးပြီးနောက် စစ်ဆေးမှုများပြုလုပ်ရာ ၎င်းတို့အပါအဝင်(၄)ဦးသည် အဌားကားတစ်စီးပေါ်တွင် လက်လုပ်မိုင်းတင်ဆောင်၍ အမှတ်(၉၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မိုင်းဖောက်ခွဲရန်သွားရောက်စဉ် ကားပေါ်၌ပေါက်ကွဲမှုဖြစ်ပွားသဖြင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၎င်းတို့နှင့်အတူလိုက်ပါလာသည့် အောင်နိုင်ထွန်း(ခ)ကရင်မှာထွက်ပြေးသွားခဲ့ပြီး အဌားကားမောင်းနှင်သူ ငွေစိုးသည် မိုင်းစထိမှန်ဒဏ်ရာများရရှိထားသော ဖိုးလပြည့်နှင့်ပိုင်မင်းထက်တို့အား အ.မ.က(၃၀) အနီးတွင်ချထား၍ မောင်းနှင်ထွက်ပြေးသွားကြောင်းကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ထွက်ပြေးသွားသူ(၂)ဦးအားဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့သဖြင့် အဌားကားမောင်းသူ ငွေစိုးအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့်မေယဝတီလမ်းထောင့်အနီးတွင် ၎င်းမောင်းနှင်သည့်အငှားကားနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ကားပေါ်တွင်သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံးကိုလည်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖမ်းဆီးရမိသူ(၃)ဦးအနက် မိုင်းစထိမှန်ဒဏ်ရာများရရှိထားသူ(၂)ဦးသည် ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားခဲ့ပြီး အဌားကားမောင်းသူ ငွေစိုးအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်ရှိသည့် အောင်နိုင်ထွန်း(ခ)ကရင်အားဖမ်းဆီးရမိနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
