ရွာငံ-ဟံမြင့်မိုရ်သွားကားလမ်း၏ စခန်းကြီးအတက်ရှိ (၃၅၀)ပေခန့်နက်သည့်ချောက်ထဲသို့ ဝိဇ္ဇာမဂ္ဂင်ဘိုးဘွားဓမ္မရိပ်သာတံဆိပ်ပါ မီနီဘတ်စ်ကားကျမှုတွင် (၇)ဦးေ-သဆုံးပြီး (၁၇)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာ ၂၈ ရက်မွန်းလွဲ ၂ နာရီကျော်ခန့်က ရန်ကုန်မြို့မှ ဝိဇ္ဇာမဂ္ဂင်ဘိုးဘွားဓမ္မရိပ်သာတံဆိပ်ပါ မီနီဘတ်စ်ကားသည် ဟဲဟိုးမြို့တွင်ကထိန်ခင်းပြီးနောက် မန္တလေးမြို့သို့ဘုရားဖူးရန် ရွာငံ-ဟံမြင့်မိုရ်လမ်းအတိုင်းမောင်းနှင်လာစဉ် စခန်းကြီးအတက်အနီးအရောက် ချောက်ထဲသို့ကျသွားခဲ့ကြောင်း သိရသည်။
” ပထမအမြင်တိုင်းတာချက်အရ ပေ ၂၀၀ လောက်နက်တယ်လို့ ကနဦးသတ်မှတ်ခဲ့တယ်။ နောက် သေချာတိုင်းတာလိုက်တော့ ချောက်အနက်က ပေ ၃၅၀ ရှိတယ်။ ရန်ကုန်မြို့ကနေ ဟဲဟိုးမှာကထိန်ခင်းပြီး မန္တလေးမှာဘုရားဖူးဖို့လာတဲ့ကားပါ။ ကားပေါ်မှာက ၂၈ ယောက်လိုက်လာပါတယ်”ဟု ကယ်ဆယ်ရေးပြုလုပ်ရာတွင်ပါဝင်သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
မီနီဘတ်စ်ကားချောက်ထဲကျမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် (၇)ဦးမှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား၊ အမျိုးသမီး(၁၇)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)နှင့်မိတ်ဖက်အသင်းများပူးပေါင်း၍ ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများနှင့်ထိခိုက်ဒဏ်ရာရသူများကို ချောက်အတွင်းမှကူညီသယ်ထုတ်ကာ ဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
