ထိုင်းနိုင်ငံ၊ အုန်းနွဲ့အုန်းယိုင်တွင် မြန်မာနိုင်ငံသားချင်းသ-တ်ဖြ-တ်ပြီး လက်ဝတ်ရတနာပစ္စည်းများယူဆောင်သွားခဲ့မှု ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်ည ၁၀ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။
အမည်/အသက်(စုံစမ်းဆဲ)မြန်မာအမျိုးသားတစ်ဦးမှ အုန်းနွဲအုန်းယိုင်၊ စိုင်-၅၊ အမှတ်(၄၂)တွင်နေထိုင်ကာ ဘောပင်ထုတ်လုပ်သည့်စက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မသီရိမွန်(၃၀)နှစ်အား သူမနေထိုင်သည့်အခန်းအတွင်းသ-တ်ဖြ-တ်၍ မသီရိမွန်ပိုင်ဆိုင်သော လက်ဝတ်ရတနာပစ္စည်းများကို ယူဆောင်ကာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက်ကူညီပေးရန် သေဆုံးသူနှင့်ပတ်သက်သူများက WAG အဖွဲ့ထံဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် WAG အဖွဲ့မှ ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
