တရုတ်ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ(2024 China Sepaktakraw Open of Lancang-Mekong Cooperation) ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းသည် ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် နှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
တရုတ်ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ( 2024 China Sepaktakraw Open of Lancang-Mekong Cooperation) ကို တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့မှ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး သုံးယောက်တွဲနှင့် လေးယောက်တွဲ အမျိုးအစားများကိုသာ ထည့်သွင်းကျင်းပခဲ့သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းအတွက် ငွေတံဆိပ်ဆုနှစ်ခုကို အမျိုးသား လေးယောက်တွဲနှင့် အမျိုးသမီး လေးယောက်တွဲတို့မှလည်းကောင်း၊ ကြေးတံဆိပ်ဆုနှစ်ခုကို အမျိုးသား သုံးယောက်တွဲနှင့် အမျိုးသမီး သုံးယောက်တွဲတို့မှလည်းကောင်း ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းသည် လေးယောက်တွဲဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်း ကို(၀-၂) ပွဲဖြင့် ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
