စင်ကာပူတွင် အထပ်မြင့်တိုက်ခန်း အစွန်းတွင် ရှိနေသော ကလေးငယ်ကို ကယ်တင်ခဲ့သည့် မြန်မာနိုင်ငံသားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတို့ ဆုချီးမြှင့်ခံရ
စင်ကာပူတွင် အထပ်မြင့်တိုက်ခန်းအစွန်းတွင် ရှိနေသော ကလေးငယ်ကို ကယ်တင်ခဲ့သည့် မြန်မာနိုင်ငံသားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ ဆုချီးမြှင့်ခံရခဲ့သည်ဟု The Straits Times သတင်းတွင် ဖော်ပြထားသည်။
အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် သုံးနှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးမှာ သုံးထပ်အမြင့်ရှိ တိုက်ခန်း၏ အစွန်းပေါ်တွင် ရောက်ရှိနေပြီး ယင်းကလေးငယ်မှာ ပြုတ်ကျခါနီးဖြစ်နေကြောင်း၊ အဆိုပါ ကလေးငယ်ကို မြန်မာဆေးသုတ်လုပ်သား ကိုစသူရအောင်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ကားမောင်းသူ Mr Jahir တို့က ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက္ကူစက်ကုမ္ပဏီ Gee Ho Seng တွင်အလုပ်လုပ်သည့် Mr Jahir မှာ ၎င်း၏အိမ်သို့ မွန်းလွဲပိုင်းတွင် ပြန်လာချိန် ကလေးငယ်ကို ကြည့်ရှုနေသည့် လူအုပ်ကြီးကို သတိပြုမိခဲ့ကြောင်း၊ ကလေးငယ်၏ အနေအထားကို တွေ့ရှိချိန်တွင် ကယ်ဆယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါဘင်္ဂလားဒေ့ရှ် နိုင်ငံသားက ပြောကြားသည်။
“ကျွန်တော် သူ့ကိုတွေ့တော့ ဘင်္ဂလားဒေ့ရှ်မှာ ခုနစ်နှစ်အရွယ် သားလေးအကြောင်း တွေးမိတယ်။ ကောင်လေးကို ကယ်တင်ချင်ခဲ့တာ။ စောင့်ဆိုင်းဖို့ အချိန်လည်းမရှိဘူး။ သူပြုတ်ကျမှာကိုပဲ စိုးရိမ်တယ်" ဟု Mr Jahir က ပြောကြားသည်။
Mr Jahir တိုက်ခန်း၏ တတိယထပ်သို့ တက်လာပြီး တံခါးခေါက်ချိန်တွင် တုံ့ပြန်မှု မရှိခဲ့ကြောင်း၊ ယင်းနောက် ပထမထပ် အထစ်ပေါ်သို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းအချိန်တွင် အသက် ၂၆ နှစ်အရွယ် မြန်မာဆေးသုတ်လုပ်သား ကိုစသူရအောင်က ကလေးငယ်၏ အနီးအနားသို့ ချဉ်းကပ်ပြီး ကယ်တင်ရန် ကြိုးစားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
“ကျနော်က ကလေးကို တွေ့တော့ ကိုယ့်တူမနဲ့ တူကို သတိရပြီး ကယ်ဆယ်ခဲ့တာ။ အဲ့ဒီအချိန်မှာ သူတို့ကို ကယ်တင်ဖို့ တစ်ယောက်ယောက်ကို လိုချင်တယ် " ဟု ကိုစသူရအောင်က ပြောကြားသည်။
ကိုစသူရအောင်တွင် ခြောက်နှစ်အရွယ်တူမတစ်ဦးနှင့် လေးနှစ်အရွယ်တူလေးတစ်ဦးရှိပြီး ကလေးငယ်ကို ကယ်ဆယ်ချိန်တွင် ကလေးငယ်မှာ ကြောက်လန့်နေခဲ့သည်ဟု ဆိုသည်။
“ဒီကောင်လေး ပြုတ်ကျမှာကို အရမ်းကြောက်တယ်၊ ကိုယ့်ကိုယ်ကိုတောင် မကြောက်ဘူး။ တကယ်တော့ လူတော်တော်များများက ကျွန်တော့်ကို စောင့်ကြည့်နေတာကြောင့် လူအုပ်ကို ပိုကြောက်မိပါတယ်။ကောင်လေးက အရမ်းကြောက်နေတယ်။ သူ့လက်က အေးစက်နေပြီး ငါ့ပခုံးတွေကို တင်းတင်းဆုပ်ကိုင်ထားတယ် ” ဟု ကိုစသူရအောင်က ပြောကြားသည်။
ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦးအား အောက်တိုဘာ ၂၅ ရက်တွင် စင်ကာပူအာဏာပိုင်များက SCDF Community Lifesaver ဆုကို ချီးမြှင့်ခဲ့ကြောင်း၊ ယင်းဆုမှာမိမိကိုယ်မိမိ အန္တရာယ်နှင့်/သို့မဟုတ် အသက်ကယ်ဆယ်ရန် ပံ့ပိုးပေးသည့် လုပ်ဆောင်ချက်များတွင် ပါဝင်သည့် ရဲစွမ်းသတ္တိရှိသူများကို ပေးအပ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
SCDF မှ တပ်မှူး Lim Beng Hui က “တန်ဖိုးကြီးတဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ Mr Thu Ya နဲ့ Mr Jahir တို့ရဲ့ ရဲစွမ်းသတ္တိနဲ့ တုံ့ပြန်မှုတွေကြောင့် ကျွန်တော် အရမ်းဝမ်းသာမိပါတယ်။ သူတို့ရဲ့ အများသူငှာ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေက လူတွေကို ရှေ့တိုးလာပြီး ဒုက္ခရောက်နေတဲ့ တခြားသူတွေကို ကူညီပေးဖို့ လှုံ့ဆော်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
