ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG သုံး မော်တော်ယာဉ်များ စုစုပေါင်း အစီးရေ (၃၀၀၀၀) ခန့်ကို သဘာဝဓာတ်ငွေ့ကုဗပေ သန်း (၂၀) ခန့် အထိ နေ့စဉ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ သိရသည်။
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်များ၌ CNG သုံး YBS မော်တော်ယာဉ်များ၊ အငှားယာဉ်များအပါဝင် တခြား CNG သုံးမော်တော်ယာဉ် စုစုပေါင်း(၃၀၀၀၀) ခန့်ကို သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်များအားလုံး၌ နေ့စဉ် ည (၁၁) နာရီအထိ ဖွင့်လှစ်ရောင်းချပေးနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အရောင်းဆိုင်ပေါင်း (၄၁) ဆိုင်ရှိသည့်အနက် ယခင်က CNG အရောင်းဆိုင် တချို့သာ နံနက် (၄) နာရီမှ ည (၁၁) နာရီအထိ ဖွင့်လှစ်ရောင်းချခဲ့သော်လည်း လက်ရှိ CNG သုံး မော်တော်ယာဉ်များ သဘာဝဓာတ်ငွေ့ ဖြည့်တင်းရာတွင် အဆင်ပြေစေရန် CNG အရောင်းဆိုင် အားလုံးကို နေ့စဉ် ည (၁၁) နာရီအထိ ဖွင့်လှစ်ရောင်းချပေးနေခြင်းဖြစ်သည်။
ထို့ပြင် CNG အရောင်းဆိုင်များတွင် လျှပ်စစ်မီးများ ပုံမှန်ရရှိစေရန်၊ မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းရမှု လျော့ကျစေရန်နှင့် မော်တော်ယာဉ်များ CNG ဖြည့်တင်းရာတွင် ဓာတ်ငွေ့ Pressure များ အပြည့်အဝရရှိစေရန် သက်ဆိုင်ရာ အစိုးရဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် CNG ဈေးနှုန်းများကိုလည်း ယခင်ဈေးနှုန်းအတိုင်း မပြောင်းလဲဘဲ ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
