သီရိလင်္ကာသည် စီးပွားရေးချွတ်ခြုံကျနေပြီဖြစ်ကာ မကြုံဖူးလောက်အောင်ပင်ဖြစ်သည့် လက်ရှိစီးပွားရေး အကျပ်အတည်း၏ ပြင်းထန်သော သက်ရောက်မှုများသည် အနည်းဆုံးလာမည့်နှစ်ကုန်ပိုင်းအထိ ဆက်ရှိနေနိုင်သည်ဟု ဝန်ကြီးချုပ် ရာနေးဝစ်ကရီမီဆင်းဟီက ဇူလိုင် ၅ ရက်တွင် ပါလီမန်သို့ ပြောကြားခဲ့သည်။
တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် သီရိလင်္ကာသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရကာ နိုင်ငံခြားငွေကြေး ပြတ်လပ်နေသည့်အတွက် ယမန်နှစ်နှောင်းပိုင်းမှစ၍ စားသောက်ကုန်၊ လောင်စာဆီနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ် လိုအပ်သော သွင်းကုန်များကို တင်သွင်းနိုင်ခြင်း မရှိတော့သဖြင့် ပြည်သူ ၂၂ သန်းသည် နေ့စဉ်နှင့်အမျှ ကြီးမားသောအခက်အခဲများကို ရင်ဆိုင်နေကြရသည်။
တစ်ချိန်ကကြွယ်ဝချမ်းသာခဲ့သည့် သီရိလင်္ကာနိုင်ငံသည် ယခုနှစ်ထဲတွင် နက်ရှိုင်းသော စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုနှင့် ကြုံတွေ့နေရပြီး စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုများ ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဝစ်ကရီမီဆင်းဟီက ဆိုသည်။
“ကျွန်တော်တို့ဟာ ၂၀၂၃ ခုနှစ်အထိ အခက်အခဲတွေနဲ့ ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဒါဟာ အမှန်တရားပါပဲ။ ပကတိအခြေအနေပါပဲ” ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဘဏ္ဍာရေးဆိုင်ရာ ကယ်တင်မှုအတွက် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နှင့် ဆွေးနွေးမှုများသည် သြဂုတ်လကုန်ပိုင်းတွင် မြီရှင်နိုင်ငံများနှင့် ကြွေးမြီဆိုင်ရာ ပြန်လည်ညှိနှိုင်းမှုအစီအစဉ် အပြီးသတ်နိုင်ရေးအပေါ်တွင် မူတည်နေသည်ဟု ဝန်ကြီးချုပ် ဝစ်ကရီမီဆင်းဟီက ပြောကြားသည်။
သီရိလင်္ကာသည် ကြွေးမြီမဆပ်နိုင်သော နိုင်ငံအဖြစ် ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်နေသည်ဟု ဝန်ကြီးချုပ်၏ အဆိုအရ သိရသည်။
“ကျွန်တော်တို့နိုင်ငံရဲ့ ကြွေးမြီမဆပ်နိုင်တဲ့ အခြေအနေကြောင့် ကြွေးမြီဆိုင်ရာ အစီအစဉ်တစ်ရပ်ကို သီးခြားစီ တင်သွင်းရမှာဖြစ်ပြီး IMF က အဲဒီအစီအစဉ်ကို လက်ခံမှသာ သဘောတူညီချက်ရရှိနိုင်မှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သီရိလင်္ကာအနေဖြင့် ငွေကြေးထောက်ပံ့မှုအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီမှု မတိုင်မီတွင် နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာလည်ပတ်မှုများကို ဟန်ချက်ညီညီ ထိန်းညှိဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ လိုအပ်နေကြောင်း IMF က ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် ပြောကြားခဲ့သည်။
သီရိလင်္ကာတွင် လောင်စာဆီ လက်ကျန်မရှိသလောက်နီးပါးဖြစ်နေကာ လောင်စာဆီချွေတာရန်အတွက် အစိုးရက အရေးတကြီး မလိုအပ်သည့် ရုံးဌာနများကို ပိတ်ထားခဲ့ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ် ပြေးဆွဲမှုများသည်လည်း တဖြည်းဖြည်း ရပ်ဆိုင်းသွားခဲ့သည်။
နိုင်ငံအတွင်း အရန်သိုလှောင်ထားရှိသည့် ဓာတ်ဆီပမာဏသည် တန်ချိန်လေးထောင်ခန့်သာရှိတော့ပြီး ယင်းပမာဏသည် တစ်ရက်စာ အသုံးပြုရန်အတွက်ပင် လောက်ငှမှုမရှိတော့ကြောင်း သီရိလင်္ကာ စွမ်းအင်ဝန်ကြီး ကန်ချနာဝီဂျီဆေကီရာက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံအတွင်း ပြေးဆွဲနေသော ယာဉ်များအနက်မှ သုံးပုံနှစ်ပုံခန့်အထိ ရှိနေသည့် ပုဂ္ဂလိကပိုင် ဘတ်စ်ကားများသည်လည်း စက်သုံးဆီ ပြတ်လပ်မှုကြောင့် အရေအတွက် အကန့်အသတ်ဖြင့်သာ ပြေးဆွဲနိုင်နေရသည်။ သီရိလင်္ကာပြည်သူ ၈၀ ရာခိုင်နှုန်းခန့်သည် စားနပ်ရိက္ခာပြတ်လပ်မှု၊ စံချိန်တင်ကုန်စျေးနှုန်းမြင့်တက်မှုတို့ကြောင့် အစားအစာ ဝလင်စွာ မစားနိုင်တော့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
