ရုရှားတပ်များက မဟာဗျူဟာကျသော လွိုင်ဆစ်ချန့်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ရုရှားစစ်သားများအနေဖြင့် ယူကရိန်းအရှေ့ပိုင်း၏ ဒွန်းဘက်စ်ဒေသကို ပိုမိုထိုးစစ်ဆင်ရန် ဇူလိုင်လ ၄ ရက်တွင် သမ္မတဗလာဒီမာပူတင်က ညွှန်ကြားခဲ့သည်။
မော်စကို၏တပ်ဖွဲ့များသည် ယခုအခါ လူဟန်ဒေသကို အပြည့်အဝထိန်းချုပ်ထားသည်ဟု အစည်းအဝေးတစ်ခုတွင် ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရွိုင်ဂူက ပူတင်ကို ပြောကြားခဲ့သည်။
တိုက်ခိုက်မှုကို လျှော့ချမည်မဟုတ်ဟူသောလက္ခဏာဖြင့် ရုရှားသည် ယခုအခါ ဒိုးနက်စ်ဒေသတစ်ခုလုံးကို မျက်စိကျလျက်ရှိပြီး ဒိုးနက်စ်တွင် စခန်းချထားသော စစ်သားများအနေဖြင့် စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ရမည်ဟု ပူတင်က ရွိုင်ဂူကို ပြောကြားခဲ့သည်။
“အရှေ့ပိုင်းအုပ်စုနဲ့ အနောက်ပိုင်းအုပ်စုတို့အပါအဝင် တပ်ဖွဲ့တွေဟာ အရင်ကအတည်ပြုထားတဲ့ အစီအစဉ်တွေအတိုင်း တာဝန်တွေဆက်လက်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ အခုထိလူဟန်မှာ ဖြစ်ခဲ့သလိုမျိုး အရာရာဟာလမ်းကြောင်းမှန်အတိုင်း ဆက်လက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။
ရုရှားတပ်များက လက်နက်အင်အားနှင့် လူအင်အားသာလွန်သောကြောင့် မိမိတို့စစ်သားများ၏ အသက်များကိုကယ်ရန် လွိုင်ဆစ်ချန့်မှ တပ်ဆုတ်လာခဲ့သည်ဟု ဇူလိုင် ၃ ရက်တွင် ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။
“ရန်သူဟာ ဆူမီနယ်စပ်ဒေသ၊ ခါကိဗ်နဲ့ဒွန်းဘက်စ်ဒေသတို့ကို ဆက်လက်အကြမ်းဖက်နေပါတယ်” ဟု ညစဉ်မိန့်ခွန်းတွင် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့ပြီး ရုရှား၏တိုးမြှင့်နေသော ထိုးစစ်အကြောင်းကိုလည်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ သူတို့ကို ချိုးဖောက်ဖို့ လိုအပ်ပါတယ်။ ဒါဟာခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်။ အချိန်ရယ်၊ အာဂကြိုးပမ်းမှုရယ်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့မှာ ရွေးစရာမရှိပါဘူး” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
စစ်ပွဲကာလ ငါးလအတွင်း ဝင်ရောက်လာခြင်းနှင့်အတူ နိုင်ငံပြန်လည်တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၇၅၀ ဘီလျံလိုအပ်မည်ဟု ဇူလိုင်လ ၄ ရက်က ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သော ယူကရိန်းပြည် လည်ထူထောင်ရေး နှီးနှောဖလှယ်ပွဲတွင် ယူကရိန်းဝန်ကြီးချုပ် ဒန်နစ်ရှမွေဟိုင်က ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံကို ပြန်လည်တည်ဆောက်ရေးမှာ ဒီမိုကရက်တစ်ကမ္ဘာတစ်ခုလုံး၏ ဘုံတာဝန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးထောက်ပံ့မှုအတွက်အကြီးမားဆုံးကူညီထောက်ပံ့မှုအဖြစ် ဗီဒီယိုမိန့်ခွန်းတွင် ဇယ်လန်းစကီးက ထည့်သွင်းပြောကြားခဲ့သည်။
လွန်ခဲ့သော သီတင်းပတ်ကုန်တွင် လွိုင်ဆစ်ချန့်မြို့ကို ဆုံးရှုံးခဲ့ရပြီးနောက် ယူကရိန်းအနေဖြင့် ဆက်လက်တွန်းလှန်နိုင်ရန်နှင့် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူရန် အနောက်နိုင်ငံများကလက်နက် ထောက်ပံ့မှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် ဇယ်လန်းစကီးက ဆော်သြခဲ့သည်။
ရုရှားသည် ယခုအခါဒွန်းဘက်စ်ဒေသပါဝင်သော လူဟန်နှင့် ဒိုးနက်တို့ကို ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို အလေးပေးလုပ်ဆောင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
