ဆန္ဒပြသူများက လပေါင်းများစွာတောင်းဆိုခဲ့သော တောင်းဆိုချက်ဖြစ်၍ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကြိမ်ဖန်များစွာ ဆော်သြခဲ့သော တောင်းဆိုချက်ဖြစ်သည့် အရပ်သားအစိုးရထံအာဏာလွှဲပြောင်းရေး ကိစ္စနှင့်စပ်လျဉ်း၍ စစ်တပ်သည် အရပ်သားအစိုးရအတွက် နေရာဖယ်ပေးမည်ဟု ဇူလိုင်လ ၄ ရက်တွင် ဆူဒန်အာဏာသိမ်းခေါင်းဆောင် အဗ္ဗဒယ်ဖတာ့အယ်ဘာဟန်က ပြောကြားခဲ့သည်။
ဆူဒန်စစ်တပ်သည် ကုလသမဂ္ဂနှင့် ဒေသဆိုင်ရာအုပ်စုများက လုပ်ဆောင်သော နိုင်ငံတော်ဆိုင်ရာ ဆွေးနွေးပွဲများတွင်ပါဝင်တော့မည်မဟုတ်ဟု ဘာဟန်က ပြောကြားလိုက်ပြီး ထိုအစား အရပ်သားအစိုးရဖွဲ့စည်းရေးအတွက် နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများနှင့် အခြားသောအမျိုးသားအုပ်စုများအတွက် နေရာဖယ်ပေးသွားရန် ဆန္ဒရှိသည်ဟု ဆိုသည်။
အောက်တိုဘာအာဏာသိမ်းမှုကြောင့် အသွင်ကူးပြောင်းရေးကာလ၌ ဖွဲ့စည်းထားသော အရပ်သား အစိုးရအဖွဲ့ပြုတ်ကျသွားခဲ့ပြီးနောက် လပေါင်းများစွာအကြာတွင် ဘာဟန်၏အထက်ပါပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းဦးဆောင်သော စစ်တပ်က အာဏာသိမ်းခဲ့သဖြင့် ဆူဒန်စစ်တပ်သည် နိုင်ငံတကာရှုတ်ချမှုကို ကျယ်ကျယ်ပြန့်ပြန့်ခံခဲ့ရပြီး ဆူဒန်သည် ထောက်ပံ့ကူညီမှုများ ရပ်ဆိုင်းခံခဲ့ရသည်။
ဇွန်လ ၃၀ ရက်က ယခုနှစ်အတွင်း အပြင်းထန်ဆုံး အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့ပြီးနောက် စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူရာချီကာ ငါးရက်မြောက်ထိုင်သပိတ်မှောက်ခဲ့သည့် အနေအထားတွင်ဘာဟန်၏ ရုပ်သံမိန့်ခွန်းထွက်ပေါ်လာခြင်းဖြစ်သည်။
ဆန္ဒပြသူ ကိုးဦးသေဆုံးခဲ့သည်ဟု ဒီမိုကရေစီအရေးလှုပ်ရှားသော ဆရာဝန်များက ပြောကြားခဲ့ပြီး အောက်တိုဘာလနောက်ပိုင်း အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူများကို ဖြိုခွင်းမှုအတွင်းအသတ်ခံရသူ စုစုပေါင်းအရေအတွက်သည် ၁၁၄ ဦးရှိလာသည်ဟု ဆိုသည်။
ဗိုလ်ချုပ်ဘာဟန်၏ စကားများက ဆန္ဒပြသူများကို မတုန်လှုပ်စေခဲ့ပေ။ ခါတွန်မြို့၏ ဘာရီစီရင်စုတွင် ဆန္ဒပြပွဲအသစ်များ ချက်ချင်းပေါ်ပေါက်လာခဲ့သည်။
“ကျွန်တော်တို့က ဘာဟန်ကို အယုံအကြည်မရှိပါဘူး။ ကျွန်တော်တို့က သူ့ကို တစ်ခါတည်း ထွက်သွားစေချင်တာပါ” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် မိုဟာနက်အော့မန်က ပြောကြားခဲ့သည်။
“အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရသူအားလုံးအတွက် ဘာဟန်ကို ထောင်ချသင့်ပါတယ်။ ဘာရှာပြုတ်ကျသွားသလိုမျိုး သူလည်းပြုတ်ကျသွားအောင်ဆန္ဒပြသူတွေက သူတို့ ဖြုတ်ချနေတာဖြစ်ပါတယ်” ဟု ခါတွန်အလယ်ပိုင်းကဆန္ဒပြသူတစ်ဦးဖြစ်သည့် အူမေမာဟူဆိန်က ပြောကြားခဲ့သည်။
အာဏာသိမ်းမှုမတိုင်မီ လူထုဆန္ဒပြပွဲများက အရပ်ဘက်-စစ်ဘက်အသွင် ကူးပြောင်းရေးအစိုးရကို ဦးတည်စေခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဆူဒန်စစ်တပ်က အာဏာရှင်အိုမာအယ်ဘာရှားကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၃၀ ရက်တွင် ဆန္ဒပြသူထောင်ပေါင်းများစွာသည် လမ်းပေါ်ထွက်ဆန္ဒပြမှုများကို ထပ်မံလုပ်ဆောင်ခဲ့ရာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် လူထုဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သော ဆန္ဒပြသူအရေအတွက်နီးပါးရှိခဲ့သည်။
အပတ်စဉ်ဆန္ဒပြမှုများ ဆက်လက်ရှိနေခဲ့သော်လည်း လွန်ခဲ့သောသီတင်းပတ်မတိုင်မီ ဆန္ဒပြမှုများသည် အင်အားလျော့နည်းသွားပုံရသည်။ သို့ရာတွင် ဇွန်လ ၃၀ ရက်တွင် စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ၌ ပါဝင်သူပြန်လည်များပြားလာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
