တရုတ်ပြည်မကြီးအစိုးရ၏ COVID-19 ဆိုင်ရာ လုံးဝသည်းမခံရေးချဉ်းကပ်မှုကို စမ်းသပ်မှုဖြစ်သည့် နောက်ဆုံးအကြိမ်ဖြစ်ပွားသော ဗိုင်းရပ်စ်ကူးစက်မှုအဖြစ် နိုင်ငံအလယ်ပိုင်း အန်ဟွေးပြည်နယ်တွင် ဇူလိုင် ၄ ရက်က နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀၀ နီးပါးရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားပြီး ယင်းပြည်နယ်ရှိ ဒေသခံ ၁.၇ သန်းကို Lockdown စည်းမျဉ်းအောက် ထားရှိခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်များအားလုံးကို တင်းကျပ်စွာ သီးသန့်ထားရှိရန်အမိန့်များနှင့် ပြင်းထန်သော ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စမ်းသပ်သည့် ဆောင်ရွက်ချက်များကြောင့် ကိုဗစ်ကင်းစင်ရေးမဟာဗျူဟာသည် နိုင်ငံ၏အဓိကစီးပွားရေးအပေါ်သက်ရောက်မှု ရှိစေခဲ့သည်။
လအတန်ကြာချမှတ်ထားသည့် ရှန်ဟိုင်း Lockdown နှင့် ပေကျင်းမြို့တော်တွင် ချမှတ်ထားသော အနှောင့်အယှက်ဖြစ်စေသည့် COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့မှုကြောင့် တရုတ်စီးပွားရေး ပြန်လည်နာလန်ထူရန်စတင်နေချိန်တွင် လွန်ခဲ့သည့် သီတင်းပတ်က တာဝန်ရှိသူများသည် ရာနှင့်ချီသည့် ဗိုင်းရပ်စ်ကူးစက်မှုများ ပထမဆုံးအကြိမ် တွေ့ရှိခဲ့သော အန်ဟွေးပြည်နယ် ကူးစက်မှု ပေါ်ပေါက်လာခဲ့သည်။
ယင်းပြည်နယ်တွင် ပါဝင်သည့် ဆီရှန်းနှင့် လင်းဘီကောင်တီနှစ်ခုတွင် လွန်ခဲ့သည့်သီတင်းပတ်၌ lockdown ချမှတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဒေသခံ ၁.၇ သန်းကျော်သည် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးရန်မှလွဲရန် နေအိမ်တွင်းမှ ထွက်ခွာခြင်းမပြုရန် တားမြစ်ထားသည်။
ဆီရှန်းကောင်တီတွင် ဇူလိုင် ၃ ရက်က လူသူကင်းမဲ့နေသော လမ်းမများနှင့်မကြာသေးမီရက်များအတွက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊ မရှိ လူအုပ်စုလိုက်ခြောက်ကြိမ်မြောက် စစ်ဆေးမှုအတွက် တန်းစီစောင့်ဆိုင်းနေသူများအား ရိုက်ကူးထားသောဗီဒီယိုများကို နိုင်ငံပိုင် CCTV တွင် ဖော်ပြထားသည်။
အန်ဟွေးပြည်နယ်တွင် ဇူလိုင် ၄ ရက်က နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၂၈၇ ဦးရှိပြီး ယင်းတို့ထဲမှ ကူးစက်ခံရသူ ၂၅၈ ဦးသည် ရောဂါလက္ခဏာမပြကူးစက်ခံရသူများဖြစ်ပြီး ယင်းပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၀၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ဝမ်ကျင်းရှန်က မိနစ်တိုင်းကို အကျိုးရှိစွာ အသုံးချရန်နှင့် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိစစ်ဆေးမှုတိုင်းကို အလေးအနက်လုပ်ဆောင်ရန်အပြင် ကွာရန်တင်းဝင်မှုများကို လျင်လျင်မြန်မြန် လုပ်ဆောင်ရန်နှင့် ကူးစက်မှုဖြစ်စဉ်များကို သတင်းပို့ရန် ဒေသခံအာဏာပိုင်များကိုတိုက် တွန်းထားသည်ဟု အန်ဟွေးအစိုးရက ထုတ်ပြန်ထားသည်။
အိမ်နီးချင်း ကျီရန်ဆုပြည်နယ်တွင် ဇူလိုင် ၄ ရက်က မြို့လေးမြို့၌ ပြည်တွင်းကူူးစက်မှုဖြစ်စဉ် ၅၆ ဦးကို တွေ့ရှိခဲ့သည်။
တရုတ်၏ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက်သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျင် အတော်အသင့်နည်းပါးနေသော်လည်း နိုင်ငံ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒသည် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များအား မျှတမှုမရှိစွာ ဖြန့်ချိနေမှုနှင့် သက်ကြီးရွယ်အိုများအကြား ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးနေသည်ကို ညွှန်ပြနေသည့်ကျန်းမာရေး စောင့်ရှောက် မှုဆိုင်ရာကပ်ဘေးကိုတားဆီးရန် လိုအပ်သည်ဟု တာဝန်ရှိသူများက အခိုင်အမာပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
