ပိုင်နက်အငြင်းပွားကျွန်းစုအနီးတွင် တရုတ်ရေတပ်သင်္ဘောတစ်စီး သွားလာခုတ်မောင်းခဲ့မှုနှင့်ပတ်သက်၍ ဇူလိုင် ၄ ရက်တွင် ဂျပန်အစိုးရက တရုတ်ထံ ကန့်ကွက်လွှာပေးပို့ခဲ့ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူတစ်ဦး၏ အဆိုအရ သိရသည်။
ရုရှားကလည်း ၎င်းဒေသသို့ ရေတပ်သင်္ဘောစေလွှတ်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ဂျပန်တွင် ဆန်ခါခုဟု လူသိများပြီး တရုတ်တွင် ကျောက်ယွီဟုခေါ်တွင်သော အရှေ့တရုတ်ပင်လယ်ရှိ အဆိုပါကျွန်းစုသည် ဂျပန်နှင့် တရုတ်နိုင်ငံတို့အကြား ကာလကြာမြင့်စွာ အငြင်းပွားမှုဖြစ်ပွားခဲ့ရာ ဗဟိုချက်ဖြစ်ခဲ့သည်။
၎င်းကျွန်းစုအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်၏ သင်္ဘောများ တည်ရှိနေခြင်းအတွက် ဂျပန်အစိုးရ တာဝန်ရှိသူများက မကြာခဏ ကန့်ကွက်ခဲ့သော်လည်း အဆိုပါကျွန်းစုအနီးတွင် ရေတပ်သင်္ဘောတစ်စီးကို တွေ့ရှိခဲ့ ခြင်းမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု NHK သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ဇူလိုင် ၄ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၄ မိနစ်ခန့်က တရုတ်ရေတပ်၏ ဖရီးဂိတ် စစ်သင်္ဘောတစ်စီးသည် ဂျပန်ထိန်းချုပ်ခံ ကျွန်းစုတစ်ခု၏အနောက်တောင်ဘက်၊ ဂျပန်နိုင်ငံနှင့် ထိစပ်နေသော ရေပြင်နယ်နိမိတ်ထဲသို့ ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိစပ်ရေပြင်သည် ပင်လယ်ရေပိုင်နက်ကို ကျော်လွန်ကာ ဆန့်တန်းတည်ရှိနေသည့် ရေမိုင် ၁၂ မိုင် ရှည်လျားသော ဧရိယာတစ်ခုဖြစ်သည်။
“မိမိတို့အနေနဲ့ သံတမန်လမ်းကြောင်းကတစ်ဆင့် အဲဒီကိစ္စရပ်နဲ့ပတ်သက်ပြီး များစွာစိုးရိမ်မိကြောင်း ပြောကြားထားပြီး တရုတ်ဘက်ကို ကန့်ကွက်လွှာပေးပို့ထားပါတယ်။ အလားတူဖြစ်ရပ်မျိုး ထပ်ကာတလဲလဲ မဖြစ်ပွားအောင် ကြိုတင်တားဆီးဖို့အတွက်လည်း တိုက်တွန်းထားပါတယ်” ဟု ဂျပန်အစိုးရအဖွဲ့ လက်ထောက်အတွင်းရေးမှူးချုပ် ဆဲအိဂျိကိဟာရက သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါကျွန်းစုသည် သမိုင်းကြောင်းအရသာမက နိုင်ငံတကာဥပဒေအရလည်း ဂျပန်ပိုင်နက်နယ်မြေဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
သီးခြားဖြစ်စဉ်အနေဖြင့် ဇူလိုင် ၄ ရက် နံနက်ပိုင်းက ပိုင်နက်အငြင်းပွားကျွန်းစုနှင့် ထိစပ်နေသည့် ပင်လယ်ရေပိုင်နက်ထဲတွင် ရုရှားရေတပ်သင်္ဘောတစ်စီးကို တွေ့ရှိခဲ့သည်ဟု NHK ၊ Jiji Press နှင့် အခြားဂျပန်သတင်းမီဒီယာများက ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်များ၏အဆိုကို ကိုးကားဖော်ပြခဲ့သည်။ လတ်တလောတွင် အဆိုပါသတင်းဖော်ပြချက်များနှင့် ပတ်သက်၍ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခြင်း မရှိသေးပေ။ယခုနှစ်မေလက တိုကျိုမြို့တွင် ဂျပန်၊ အမေရိကန်၊ သြစတြေးလျနှင့် အိန္ဒိယတို့ပါဝင်သော Quad လေးနိုင်ငံ မဟာမိတ်အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် တရုတ်နှင့် ရုရှားဂျက်တိုက်လေယာဉ်များသည် ဂျပန်နိုင်ငံအနီးတွင် ပူးတွဲပျံသန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အဆိုပါပျံသန်းမှုများသည် ဝေဟင်ပိုင်နက် ကျော်လွန်ခဲ့ခြင်းမရှိသော်လည်း Quad ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲပြုလုပ်နေချိန်တွင် အချိန်ကိုက် ပြုလုပ်ခဲ့ခြင်းကို ထောက်ရှုပါက ရန်လိုသည့် လုပ်ရပ်မျိုးသာဖြစ်ကြောင်း ဂျပန်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
