ရုရှားနှင့် ဖြစ်ပွားနေသော ပဋိပက္ခပြီးဆုံးသည့်အခါ နိုင်ငံပြန်လည်တည်ဆောက်ရေးကို အကူအညီပေးသည့်အနေဖြင့် ဗြိတိန်က ယူကရိန်းကို ကာလရှည်ထောက်ပံ့ကူညီသွားမည်ဟု ဇူလိုင်လ ၄ ရက်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ထရပ်က ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် ယူကရိန်းပြန်လည်ထူထောင်ရေး နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့သည်။ ဗြိတိန်အနေဖြင့် ယူကရိန်းကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ချက်ချင်းပေးအပ်မည်ဟု ၎င်းက ပြောကြားခဲ့ပြီး ငွေကြေးနှင့် စီးပွားရေးဆိုင်ရာကျွမ်းကျင်ပညာရပ်များအတွက်လည်း အကူအညီများပေးမည်ဟု ပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးချိန်ကတည်းက ယူကရိန်းနိုင်ငံကို နှစ်ကြိမ်သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို ထောက်ခံအားပေးခဲ့သည်။
ယူကရိန်းထံ နောက်ထပ်စစ်ရေးအကူအညီ ပေါင်တစ်ဘီလျံပေးမည်ဟု လွန်ခဲ့သောသီတင်းပတ်တွင် ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။ ထို့ကြောင် ဗြိတိန်က ယူကရိန်းထံ လက်နက်များနှင့် အခြားလက်နက်ကြီးများ အကူအညီပေးမှုမှာ စုစုပေါင်း ပေါင်၂.၃ ဘီလျံရှိလာမည်ဖြစ်သည်။
ယူကရိန်းပြည်လည်ထူထောင်ရေးမှာ သက်ဦးဆံပိုင်စနစ်ထက် ဒီမိုကရေစီအင်အား၏ သင်္ကေတဖြစ်သည်ဟု လစ်ထရပ်က နှီးနှောဖလှယ်ပွဲကို တက်ရောက်လာသော ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။
“ယူကရိန်းကို ဖျက်ဆီးဖို့ ပူတင်ရဲ့ကြိုး ပမ်းမှုတွေဟာ ပိုမိုအင်အားကောင်းပြီး၊ ပိုမိုကြွယ်ဝကာ ပိုမိုစည်းလုံးတဲ့ နိုင်ငံဖြစ်လာစေမယ်ဆိုတာပြန်လည်ထူထောင်ရေးက သူ့(ပူတင်)ကို သက်သေပြသွားမှာဖြစ်ပါတယ်” ဟု လစ်ထရပ်ကပြောကြားခဲ့သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယူကရိန်းနိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ဗြိတိန်သည် ပြတ်ပြတ်သားသားရှိနေမည်ဖြစ်ကြောင်း၊ ယူကရိန်း၌ ဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ဗြိတိန်က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လစ်ထရပ်က ပြောကြားခဲ့သည်။
သမ္မတဇယ်လန်းစကီး၏ မေတ္တာရပ်ခံချက်အရ ဗြိတိန်သည် ယူကရိန်းမြို့တော်နှင့် အနီးဝန်းကျင်ဒေသများ ပြန်လည်ထူထောင်ရာတွင် ရပ်တည်ကာကွယ်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ရှေ့နှစ်တွင် ကျင်းပမည့် ပြန်လည်ထူထောင်ကွန်ဖရန့်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး အစီအစဉ်များကို ထရပ်က ထုတ်ဖော်ပြောကြားခဲ့ပြီး ယူကရိန်းဦးဆောင်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ချိတ်ဆက်ဆောင်ရွက်ရန် လန်ဒန်၌ ရုံးခန်းဖွင့်မည်ဟု ဆိုသည်။
နိုင်ငံတစ်ဒါဇင်ကျော်မှ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များသည် ဇူလိုင်လ ၄ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယူကရိန်းပြန်လည်ဆောက်ရေးအတွက် မာရှယ်စီမံကိန်းရေးဆွဲရန် ၎င်းတို့က နှီးနှောဖလှယ်ပွဲပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ရုရှားက ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အနေအထားတွင် အဆိုပါခေါင်းဆောင်များသည် ယူကရိန်းပြန်လည်ထူထောင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဗျူဟာကျသော လွိုင်ဆစ်ချန့်မြို့ကို သိမ်းပိုက်နိုင်ပြီဟု ရုရှားဘက်က ထုတ်ဖော်ပြောကြားသည်ကို မိမိသံသယရှိကြောင်း ဇူလိုင်လ ၃ ရက်တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
