ရုရှားတပ်ဖွဲ့များသည် ပင်လယ်နက် အတွင်းရှိ မြွေကျွန်းပေါ်တွင် ဖော့စဖရတ်ပါဝင်သည့် မီးလောင်ဗုံးများအသုံးပြုပြီး တိုက်ခိုက်ခဲ့သည်ဟု ယင်းကျွန်းမှ ရုရှားတပ်များဆုတ်ခွာခဲ့ပြီးနောက် တစ်ရက်အကြာဖြစ်သည့် ဇူလိုင် ၂ ရက်တွင် ယူကရိန်းစစ်တပ်က စွပ်စွဲခဲ့သည်။
“ဒီနေ့ ညနေ ၆ နာရီလောက်မှာ ရုရှား လေတပ်က SU-30 လေယာဉ်တွေဟာ မြွေ ကျွန်းပေါ်ကို ဖော့စဖရတ်ဗုံးတွေနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်” ဟု ယူကရိန်းစစ်တပ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့ သည်။
မြွေကျွန်းပေါ်မှ ရုရှားတပ်များ ပြန်လည် ဆုတ်ခွာခြင်းသည် ယူကရိန်း၏ ကောက်ပဲ သီးနှံတင်ပို့မှုကို စနစ်တကျ ကာကွယ်ရန် ကု လသမဂ္ဂ၏ အားထုတ်ကြိုးပမ်းမှုကို ရုရှားက နှောင့်ယှက်ခြင်းမပြုသည့် သဘောကို ပြသ သည့် ချစ်ကြည်မှုလက္ခဏာတစ်ရပ်ဖြစ်သည် ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းစစ်တပ်ကမူ ရုရှားသည် ၎င်းတို့၏ ကြေညာချက်များကို ၎င်းတို့ကိုယ်တိုင် လေးစားနိုင်စွမ်းမရှိဟု ဇူလိုင် ၁ ရက်တွင် စွပ်စွဲခဲ့သည်။
ယင်းအစီရင်ခံစာထုတ်ပြန်ပြီးနောက် လေယာဉ်တစ်စင်းသည် မြွေကျွန်းပေါ်တွင် နှစ်ကြိမ်ထက်မနည်း ခဲယမ်းများကြဲချနေသည့် ဗီဒီယိုတစ်ခုထွက်ပေါ်ခဲ့ပြီး ယင်းခဲယမ်းများ သည် ကောင်းကင်ယံတွင် အဖြူရောင်အစင်း များဖြစ်နေပုံကို ဖော်ပြခဲ့သည်။
ကောင်းကင်ယံတွင် အဖြူရောင်စွတ် ကြောင်းများ ကျန်ရှိသည့် ဖော့စဖရတ်လက် နက်များသည် မီးလောင်စေသည့် လက်နက် များဖြစ်ပြီး နိုင်ငံတကာ သဘောတူညီချက်အ ရ ယင်းလက်နက်များဖြင့် အရပ်သားများကို တိုက်ခိုက်ခွင့် ပိတ်ပင်ထားသော်လည်း စစ် ဘက်ပစ်မှတ်များကိုမူ တိုက်ခိုက်ခွင့်ပြုထား သည်။
ရုရှားသည် ယူကရိန်းကို ကျူးကျော်ခဲ့ သည့် ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ယင်း လက်နက်များကို အရပ်ဘက်နေရာများအပါ အဝင် အကြိမ်ကြိမ်အသုံးပြုခဲ့သည် ဟု ယူက ရိန်းကစွပ်စွဲခဲ့ပြီး ရုရှားက ယင်းစွပ်စွဲချက်များ ကို ငြင်းဆိုခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် အမြောက်များ နှင့် ဒုံးကျည်များပစ်ခတ်မှုများအောက်တွင် မြွေကျွန်းမှ ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်ဟု ယူ ကရိန်းက ပြောကြားခဲ့သည်။
မြွေကျွန်းသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ပြင်းထန် စွာခုခံသည့် နေရာများထဲမှ တစ်ခုဖြစ်သည်။
ထိုအချိန်အတောအတွင်း ယူကရိန်း သမ္မတ ဗိုလို ဒီမာဇယ်လန်စကီးကနိုင်ငံတောင် ပိုင်း အပန်းဖြေမြို့တစ်မြို့အား ဒုံးကျည်များ ဖြင့် တိုက်ခိုက်မှုအတွက် ရုရှားကို ပြစ်တင် ပြောကြားခဲ့ပြီး ရုရှားအစိုးရသည် ထိတ်လန့် ဖွယ် လုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
ပင်လယ်နက် ဆိပ်ကမ်းမြို့ အိုဒက်ဆာ နှင့် ကီလိုမီတာ ၈၀ ခန့်အကွာ၊ ဆာဟိဗ်ကာ မြို့ရှိ လူနေအဆောက်အအုံ တစ်ခုနှင့် ဖျော် ဖြေရေး စင်တာတစ်ခုသို့ ဒုံးကျည်များ ထိမှန် ကျရောက်ခဲ့ခြင်းဖြစ်သည်။ အိုဒက်ဆာမြို့ သည် လေးလကျော် ကြာမြင့်နေပြီဖြစ်သည့် ယူကရိန်းစစ်ပွဲတွင် မဟာဗျူဟာကျသော ဆုံ ချက်တစ်ခု ဖြစ်လာခဲ့သည်။
မဟာဗျူဟာကျသည့် ကျွန်းတစ်ကျွန်း တွင် တပ်စွဲထားမှုကို ရုပ်သိမ်းခဲ့ရခြင်းကြောင့် ရုရှားတပ်များအတွက် အဓိက ထိုးနှက်ချက် ဖြစ်လာခဲ့ပြီး တစ်ရက်အကြာတွင် အဆိုပါ ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။“ဒါဟာ ရုရှားဘက်က တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တဲ့ ထိတ်လန့်စရာ လုပ်ရပ်ဖြစ်ပြီး ချွတ်ချော်လွဲမှားမှုမျိုး ဒါမှမ ဟုတ် မတော်တဆ ဒုံးကျည်နဲ့ တိုက်ခိုက်မိတာ မျိုး မဟုတ်ဘူးဆိုတာ အလေးအနက် ပြော ကြားလိုပါတယ်”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
