ယူကရိန်းတပ်ဖွဲ့များက ၎င်း၏ နယ်နိမိတ်အတွင်း ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များကို ၎င်း၏ စစ်တပ်က ကြားဖြတ်ပစ်ချနိုင်ခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန်ဒါး လူကာ ရှန်ကိုက ပြောကြားနေချိန်တွင် ယူကရိန်း၏ မဟာဗျူဟာကျသည့် လူစစ်ချန့်စ်မြို့၌ ဇူလိုင် ၂ ရက်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ သည်။
ယူကရိန်းအစိုးရက လူစစ်ချန့်စ်မြို့ကို ၀ိုင်းထားနိုင်ပြီဆိုသည့် ရုရှားလိုလားသည့် ခွဲထွက်ရေးဝါဒီများ၏ ပြောကြားချက်များကို ငြင်းဆိုခဲ့ပြီး ယင်းမြို့သည် ယူကရိန်း၏ အရှေ့ ပိုင်း ဒွန်းဘက်စ်ဒေသ၏ လူဟန့်စ်ဧရိယာတွင် ယူကရိန်းလက်အောက်၌ရှိနေသည့် နောက် ဆုံး အဓိကမြို့ဖြစ်နေသည်။
လူစစ်ချန့်စ်မြို့သည် ပြီးခဲ့သည့် သီတင်း ပတ်က ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ဆီဗာရိုဒိုးနက်စ်မြို့၏ မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။
ယင်းမြို့သိမ်းပိုက်ခံရမည်ဆိုပါက ရုရှား တပ်ဖွဲ့များသည် ကိယက်ဗ်မြို့တော်ကို သိမ်း ပိုက်မှု ကျရှုံးခဲ့ပြီးကတည်းက ၎င်းင်းတို့၏ ထိုးစစ် ကို အဓိက အာရုံစိုက်ခဲ့သည့် ဒွန်းဘက်စ်ဒေသ အတွင်းသို့ ပိုမိုနက်ရှိုင်းစွာဝင်ရောက်ခွင့် ရရှိ မည်ဖြစ်သည်။
“လူစစ်ချန့်စ်မြို့ပတ်ပတ်လည်မှာ တိုက် ပွဲတွေဖြစ်ပွားနေပါတယ်။ မြို့ဟာ အဝိုင်းမခံ ရဘဲ ယူကရိန်းစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက် မှာပဲ ရှိနေပါတယ်” ဟု ယူကရိန်းအမျိုးသား အစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရူစ လန် မူဇက်ချော့က ယူကရိန်းရုပ်သံတွင် ပြော ကြားခဲ့သည်။
ယင်းနေ့အစောပိုင်းက ယူကရိန်းခွဲထွက် ရေးတပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ အန်ဒရီ မာရော့ချ်ကို က လူစစ်ချန့်စ်မြို့သည် အလုံး စုံ အဝိုင်းခံခဲ့ရကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ လူကာရှန်ကိုကမူ ယူ ကရိန်းသည် ဘီလာရုစ်နိုင်ငံကို ရန်စနေ ကြောင်းစွပ်စွဲခဲ့ပြီး လွန်ခဲ့သည့် သုံးရက်ခန့်က ၎င်းင်း၏ စစ်တပ်သည် ယူကရိန်းတပ်ဖွဲ့များပစ် လွှတ်ခဲ့သည့် ဒုံးကျည်များကို နိုင်ငံအတွင်း ကြားဖြတ်ပစ်ချခဲ့သည်ဟု ပြောကြာခဲ့သည်။
ယူကရိန်းနှင့် ဘီလာရုစ်နယ်စပ်ဒေသ တွင် ဒုံးကျည်များထိမှန်ခဲ့သည်ဟု ယူကရိန်း က ပြောကြားခဲ့ပြိး သီတင်းတစ်ပတ်အကြာ တွင် ရုရှား၏ မဟာမိတ်ဖြစ်သည့် ဘီလာရုစ် သမ္မတ လူကာရှန်ကို၏ ပြောကြားချက် ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လူကာရှန်ကိုက ယူက ရိန်းပဋိပက္ခကို ပိုမိုအရှိန်မြင့်စေနိုင်မည့် ပါဝင် ပတ်သက်မှုမျိုးမရှိကြောင်း ငြင်းဆိုခဲ့သည်။
“လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့ဟာ ယူကရိန်း မှာ တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူး” ဟု လူကာရှန်ကိုက ပြောကြားခဲ့သည်ဟု ဘီလာရုစ်နိုင်ငံပိုင် Belta သတင်းအေဂျင်စီက ဇူလိုင် ၂ ရက်က ဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံအနှံ့တွင် ဒုံးကျည်များ သည် အဆက်မပြတ်ကျရောက်နေပြီး လူ ပေါင်း ဒါဇင်ချီ သေဆုံးခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စ ကီး၏ ဇူလိုင် ၂ ရက် ညနေခင်း မိန့်ခွန်းပြော ကြားမှုတွင် နိုင်ငံ၏နေရာခြောက်နေရာ၌ ဒုံးကျည်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ပြော ကြားခဲ့သည်။
“ဒွန်းဘက်စ်ဒေသက ရှေ့တန်းစစ်မျက်နှာပြင်တစ်လျှောက်မှာ ပြင်းထန်တဲ့ တိုက်ပွဲ တွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ခါကိဗ် ဒေသမှာ ရန်သူတွေရဲ့ လှုပ်ရှားမှုတွေဟာ ပို ပြီးအရှိန်မြင့်လာခဲ့ပါတယ်” ဟု ဇယ်လန်စကီး က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
