ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဥရောပတွင် မျောက်ကျောက်ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက်အရေးပေါ်တုံ့ ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် ဇူလိုင် ၁ရက် က တောင်းဆိုခဲ့ပြီး ဥရောပတွင်လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကျော်က မျောက်ကျောက်ရောဂါ ဖြစ်ပွားသူသုံးဆမြင့်တက်လာခဲ့သည် ဟု ပြောကြားခဲ့သည်။
“ဒီနေ့(ဇူလိုင် ၁ ရက်)မှာတော့ကျွန်တော့်အနေနဲ့ ဥရောပတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျောက်ကျောက်ရောဂါကို ကာကွယ်တားဆီးဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ဆောင်ရွက်ကြဖို့အတွက် အစိုးရနဲ့ ပြည်သူ့အဖွဲ့အစည်းတွေကို အစွမ်းကုန်တောင်းဆိုချင်ပါတယ်”ဟု WHO ၏ ဥရောပဒေသဆိုင်ရာညွှန်ကြားရေးမှူး ဟန်းစ်ဟန်ရီကလော့က ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီရောဂါဆက်လက်ပျံ့နှံ့နေတာကို တားဆီးဖို့အတွက်ဆိုရင် အရေးတကြီးနဲ့ ပူးပေါင်းတုံ့ပြန်ဆောင်ရွက်မှုတွေဟာမရှိမဖြစ် အရေးပါပါတယ်”ဟု ၎င်းက ဆိုသည်။
မေလအစောပိုင်းကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားလေ့ရှိသည့် အနောက်နှင့်ဗဟိုအာဖရိကနိုင်ငံအပြင်ဘက်တွင် ထိုရောဂါကူးစက်ပျံ့နှံ့လာခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ယင်းရောဂါဓာတ်ခွဲအတည်ပြုလူနာပေါင်း ၉၉ ရာခိုင်နှုန်းသို့မဟုတ် လူနာ ၄,၅၀၀ သည် ဥရောပမှဖြစ်သည်ဟု ကလော့က ပြောကြားခဲ့သည်။
နိုင်ငံပေါင်း ၃၁ နိုင်ငံနဲ့ ဒေသများသည် လက်ရှိတွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားနေသည်ဟု ဆိုသည်။
ဥရောပသည် ယင်းရောဂါကူးစက်ပျံ့နှံ့ မှု၏ ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေပြီး ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နိုင်ခြေရှိနေသည်ဟု ကလော့က ဆိုသည်။
WHO က ယင်းရောဂါအားနိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်စိုးရိမ်မှုအဖြစ် မသတ်မှတ်ထားသေးသော်လည်းထိုရောဂါ၏အခြေအနေကို စိစစ်သုံးသပ်နေဆဲ ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။
မျောက်ကျောက်ရောဂါကူးစက်မှုဖြစ်စဉ်အများစုသည် အမျိုးသားအချင်းချင်းလိင်ဆက်ဆံသည့် ငယ်ရွယ်သောအမျိုးသားများတွင် ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိသည်ဟု WHO က ဆိုသည်။
WHO က ထိုရောဂါသည် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်နိုင်ခြေနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေသော်လည်း တစ်ဦးနှင့် တစ်ဦးအနီးကပ်ထိတွေ့မှုမှတစ်ဆင့်ကူးစက်ပျံ့နှံ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းရောဂါသည် ရေကျောက်နှင့်ဆင်တူသော်လည်း ရောဂါပြင်းထန်မှုနည်းပါးကာ ကိုယ်ခံအားနည်းသူများတွင် ဖြစ်နိုင်ခြေများသည်။ ယင်းရောဂါသည်တစ်ဦးနှင့်တစ်ဦးအနီးကပ်ထိတွေ့မှုမှ အဓိကကူးစက်ပျံ့နှံ့သည်။
မျောက်ကျောက်ရောဂါကူးစက်ခံရလျှင် စတင်ဖျားနာပြီး အနာဖေးများထွက်ပေါ်လာမှုနှင့်အတူ အဖုအပိမ့်များအဖြစ်သို့အလျင်အမြန် ပြောင်းလဲသွားသည်။ ယင်းရောဂါကူးစက်မှုအများစုသည် မပြင်းထန်သော်လည်းနှစ်ပတ်မှသုံးပတ်အထိ ကြာမြင့်နိုင်သည်။
လက်ရှိအချိန်အထိ ဗြိတိန်တွင်ယင်းရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၁,၀၇၆ ဦးရှိကာ ဂျာမနီ(၈၃၈ဦး)၊ စပိန်(၇၃၆ဦး)၊ပေါ်တူဂီ(၃၆၅ဦး)နှင့်ပြင်သစ် (၃၅ဝဦး)ရှိသည်ဟု ဥရောပရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးမှ ထုတ်ပြန်သည့်အချက်အလက်များတွင်ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
