ဗြိတိန်ရှိ မျောက်ကျောက်ရောဂါလူနာများ၏ ရောဂါလက္ခဏာများသည်ယခင်ကူးစက်ဖြစ်ပွားမှုမှ တွေ့ရှိသည့် ရောဂါလက္ခဏာများနှင့် ကွဲပြားခြားနားမှုရှိသည်ဟု ယင်းကူးစက်မှုများအား ပထမဆုံးအကြိမ် လေ့လာတွေ့ရှိမှုကို ဇူလိုင် ၁ ရက်က ထုတ်ပြန်ထားသည်။
လွန်ခဲ့သည့်လအနည်းငယ်မတိုင်မီအထိ မျောက်ကျောက်ရောဂါသည် အနောက်နှင့် ဗဟိုအာဖရိကတွင် ကူးစက်ဖြစ်ပွားလေ့ရှိပြီး ကူးစက်မှုဖြစ်စဉ်အသစ်အများစုသည် ကြွက်များကဲ့သို့ တိရစ္ဆာန်များမှတစ်ဆင့်လူသားများထံ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လာခြင်း ဖြစ်သည်။
သို့သော် မေလကတည်းက ကမ္ဘာတစ်ဝန်းတွင် မျောက်ကျောက်ရောဂါကူးစက်မှု ဖြစ်စဉ် ၃,၄၀၀ ကျော် စံချိန်တင်တွေ့ရှိခဲ့ပြီး ကူးစက်မှုအများစုမှာ အနောက်ဥရောပရှိ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများအကြားတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆာဟာရအာဖရိကတိုက်ငယ်တွင် တွေ့ရှိသောကူးစက်မှုများနှင့် ဆက်နွှယ်ခြင်းမရှိဟု တွေ့ရှိရသည်။
ဗြိတိန်တွင် အစောဆုံးကမ္ဘာတစ်ဝန်းကူးစက်မှုအသစ်အချို့ကို တွေ့ရှိခဲ့ပြီးလူနာများကို ပထမဆုံးအကြိမ်လေ့လာတွေ့ရှိမှုအားဇူလိုင် ၁ ရက်က Lancet ဆေးပညာဂျာနယ်တွင် ထုတ်ပြန်ခဲ့သည်။
သုတေသီများက လန်ဒန်ရှိ မျောက်ကျောက်ရောဂါလူနာ ၅၄ ဦးကို စိစစ်သုံးသပ်ခဲ့ပြီး ၎င်းတို့သည် မေ ၂၆ ရက်နေ့ကတည်းက ဗြိတိန်တွင် ဖြစ်ပွားသောကူးစက်မှုများ၏ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော အမျိုးသားအချင်းချင်း လိင်ဆက်ဆံသည့် အမျိုးသားလူနာများ ဖြစ်သည်။
လူနာများအားလုံးအနက် နှစ်ဦးသည် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတစ်စုံ တစ်ယောက်နှင့် ထိတွေ့မိခဲ့သည်ကို သတိမထားမိခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းအမျိုးသားများမှ လေးပုံတစ်ပုံသည် HIV ပိုးရှိသူများဖြစ်ကာ ထိုလေးပုံတစ်ပုံသည် မျောက်ကျောက်ရောဂါကူးစက်ခံထားရစဉ် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်ပွားနေကြသည်ဟုဆိုသည်။
ယင်းလူနာများအားလုံးသည် အရေပြား၌အနာများရှိကြပြီး ၉၄ ရာခိုင်နှုန်းသည် လိင်အင်္ဂါနှင့်စအိုနေရာများတွင်ဖြစ်ပွားနေကြသည်။
ယင်းကိုထောက်ရှု၍ ဗိုင်းရပ်စ်သည်လိင်ဆက်ဆံနေစဉ်အတွင်း အရေပြားချင်း ထိတွေ့မှုမှ ကူးစက်ခြင်းဖြစ်သည်ဟု သုတေသနတွင် အကြံပြုထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သုက်ပိုးကို စစ်ဆေးမှု၌ မျောက်ကျောက်ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိသည့်ဖြစ်စဉ်များကို လေ့လာစုံစမ်းနေသော်လည်း ဗိုင်းရပ်စ်သည် လိင်ဆက်ဆံမှုမှ ကူးစက်ခြင်းမဟုတ်သည့် အဆိုကို ဆက်လက်ခံယူထားပြီး တစ်ဦးနှင့် တစ်ဦးအနီးကပ်ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဗြိတိန်ရှိ မျောက်ကျောက်ရောဂါကူးစက်ခံရသူများ၏ ၅၇ ရာခိုင်နှုန်းသာ ဖျားနာကြပြီး ယခုနှစ်အစောပိုင်းက ကူးစက်မှုဖြစ်စဉ်များတွင် ဖျားနာသူ ၈၅ ရာခိုင်နှုန်းမှ ၁ဝဝရာ ခိုင်နှုန်းကြားရှိသည်။ယခင်ကူးစက်မှုများ၌ ခြေလက်များ၊မျက်နှာများနှင့်လည်ပင်းများတွင်အနာများတွေ့ရသော်လည်း ဗြိတိန်တွင် တွေ့ရသည့်ကူးစက်မှုများ၏လေးပုံသုံးပုံ၌ အနာများသည် ခန္ဓာကိုယ်၏နေရာနှစ်နေရာ တွင်သာတွေ့ရကာ အများစုမှာလိင်အင်္ဂါတစ်ဝိုက်တွင်တွေ့ရခြင်းဖြစ်သည်ဟုသုတေသနတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
