မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန် ကြိုးစားနေကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၏ ပြောကြားချက်အရ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်တုန်ပြည်နယ် ၊ ချင်းတောင်မြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ ကွန်ဖရင့်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြောကြားရာတွင် Belt and Road Energy Partnership (BREP) စတင်ခဲ့သည့် လွန်ခဲ့သော (၅)နှစ်အတွင်း BREP အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများ၏ အာရုံစိုက်မှုနှင့် အလေးထားမှုများ ပိုမိုရရှိလာကာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းတစ်ခုသို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားကြောင်းပြည်ထောင်စုဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန် ကြိုးစားနေသကဲ့သို့ နိုင်ငံတကာစွမ်းအင်အခင်းအကျင်း၏ တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများကို မျှဝေခံစားနိုင်ရန် Belt and Road Initiative အောက်တွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “Belt and Road Green Energy Cooperation Action Plan (2024-2029)” ကို အကောင်အထည်ဖော်ရာတွင် BREP အဖွဲ့ဝင်များနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံ၏လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုအနေဖြင့် ရေအားစွမ်းအင်မှ ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၅၀ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင်မှ ၃ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ ၂ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
