လာအို နိုင်ငံနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း မြန်မာဘက်မှ အလုပ်သမားများ စေလွှတ်နိုင်ရန် အေဂျင်စီများအနေဖြင့် ပြင်ဆင်နေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသိုင်းအဝိုင်းမှ သိရသည်။
လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာနတို့အကြား နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
” အရင်တုန်းကလည်းစေလွှတ်ခဲ့တာရှိတယ်။ အများကြီးတော့မဟုတ်ဘူး။ တရားဝင်တော့လုပ်သားစေလွှတ်ခွင့်မရထားဘူး အရင်က။ အခုတစ်ခေါက်ကတော့ အေဂျင်စီတွေအနေနဲ့ တရားဝင်လုပ်သားစေလွှတ်ခွင့်ရသွားတယ်လို့ပြောလို့ရတယ်။ အခုလည်းစေလွှတ်ဖို့ ပြင်နေကြတယ်။ တရားမဝင်သွားရောက်မှုက အထိုက်အလျောက်တော့ လျော့သွားနိုင်တယ်” ဟု ပြည်ပသို့လုပ်သားစေလွှတ်သည့် အေဂျင်စီမှတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ယခင်က လာအိုနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ နည်းပါးသော်လည်း ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာခြင်းကြောင့် လာအိုနိုင်ငံသို့ တရားဝင်ထက် တရားမဝင်သွားရောက်သူပိုမိုများပြားကြောင်း သိရသည်။
လာအိုနိုင်ငံ၏ လုပ်ခနှုန်းထားသည် မြန်မာလုပ်သားများသွားရောက်လုပ်ကိုင်မှုများသည့် ထိုင်း၊ မလေးရှားနိုင်ငံတို့လောက် မများသော်လည်း ပြည်တွင်းလုပ်အားခထက်သာလွန်ခြင်းကြောင့် သွားရောက်မှုများရှိနေကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
