ကူဝိတ်နိုင်ငံအတွင်း အာဆီယံ၏ လှုပ်ရှားမှုများနှင့် အခန်းကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေးအတွက် ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီ သံအမတ်ကြီးများအဆင့် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးကြရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးလည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ကူဝိတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Ekapol Poolpipat မှ ဦးဆောင်၍ ၎င်း၏နေအိမ်၌ ကျင်းပခဲ့သည့် ယင်းအစည်းအဝေးကို အောက်တိုဘာ (၂၇) ရက်က ကျင်းပခဲ့ခြင်း ဖြစ်ပြီး ကူဝိတ်နိုင်ငံ၌ အာဆီယံ၏ လှုပ်ရှားမှုများနှင့် အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအစဉ်များ၊ မကြာသေးမီက ကာတာနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ် ACD ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လာအိုနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် (၄၄)ကြိမ်နှင့် (၄၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတို့နှင့် ပတ်သက်သည့် ကိစ္စရပ်များ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေတို့အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအစည်းအဝေးအပြီး အထူးဧည့်သည်တော် အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးဖက်အဖွဲ့ (Asi a Cooperation Dialogue -ACD) ၏ အတွင်းရေးမှူးချုပ် H.E. Nasser Raden Thaamer Al-Motairi အား ဧည့်ခံသည့် အလွတ်သဘော နေ့လည်စာ စားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးနှင့် နေ့လည်စာ စားပွဲတို့သို့ မြန်မာသံအမတ်ကြီး ဦးချမ်းအေးမှ ကူဝိတ်အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
