ကင်ရှာဆာ၊အောက်တိုဘာ ၂၉
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ လူဦးရေ ၂၅ ဒသမ ၆ သန်း သို့မဟုတ် လူဦးရေ၏ ၂၂ ရာခိုင်နှုန်းသည် အစားအစာမဖူလုံမှုကို ဆိုးရွားစွာကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) က တနင်္လာနေ့တွင်ပြောကြားခဲ့သည်။
ထိခိုက်မှု ကို အဆိုးရွားဆုံး ခံစားရသော လူများမှာ အဓိကအားဖြင့် နိုင်ငံတွင်းပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူများနှင့်နေရပ်ပြန်သူများဖြစ်ကြပြီး စားနပ်ရိက္ခာမဖူလုံမှုသည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်အထိ လက်ရှိအခြေအနေအတိုင်းဆက်ရှိနေမည်ဟု ကုလသမဂ္ဂအေဂျင်စီကခန့်မှန်းထားသည်။
အက်ဖ်အေအိုဒါရိုက်တာရိန်းပေါလ်ဆန် က “ကွန်ဂို ရှိ လူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာဖူလုံမှုအခြေအနေသည် အရေးကြီးနေဆဲဖြစ်ကာ လက်နက်ကိုင်အကြမ်းဖက်မှုများနှင့် အရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှုများကြောင့် ကျေးလက်လူနေမှုဘဝနဲ့ အခြေခံအဆောက်အဦများကို အကြီးအကျယ် ပျက်စီးစေခဲ့ပြီး မရှိမဖြစ်လိုအပ်သည့်စိုက်ပျိုးထုတ်လုပ်မှုကိုလည်းအနှောင့်အယှက်ဖြစ်စေပါတယ်” ဟုလည်းဆိုခဲ့သည်။
နိုင်ငံတွင်းပဋိပက္ခများနှင့် ဘေးအန္တရာယ်များကြောင့် ကွန်ဂို၌ လူပေါင်း ၇ သန်းခန့်သည် ပြည်တွင်း၌ ရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့၏ မကြာသေးမီကထုတ်ပြန်သည့် အစီရင်ခံစာအရသိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
