ဘာစီလိုနာအသင်းနည်းပြဟောင်း ဇာဗီ၏ သားဖြစ်သူက မန်ယူအသင်းဂျာစီ ဝတ်ဆင်ထားသည့် ဓာတ်ပုံကြောင့် မန်ယူအသင်းကို ဇာဗီ ကိုင်တွယ်တော့မည့်သတင်းများ ပိုမိုထွက်ပေါ်လာကြောင်း သိရသည်။
ဇာဗီ၏ဇနီးဖြစ်သူက အောက်တိုဘာ ၂၇ ရက်တွင် Instagram Story ၌ ဓာတ်ပုံများတင်ထားရာ ဇာဗီနှင့်အတူ သားဖြစ်သူနှင့် သမီးဖြစ်သူတို့သုံးဦး ဓာတ်ပုံလည်း ပါဝင်ခဲ့သည်။
ယင်းဓာတ်ပုံတွင် ဇာဗီ၏သားဖြစ်သူက ၂၀၂၃-၂၀၂၄ ရာသီ မန်ယူအသင်း၏ အိမ်ကွင်းဂျာစီကို ဝတ်ဆင်ထားသောကြောင့် မန်ယူအသင်းအား ဇာဗီကိုင်တွယ်ဖြစ်ဖွယ်ရှိသည့် ခန့်မှန်းမှုများ ပိုမိုထွက်ပေါ်လာခြင်း ဖြစ်သည်။
ယင်းဓာတ်ပုံနှင့်ပတ်သက်၍ လူမှုမီဒီယာ X အသုံးပြုသူများက ''Xavi ball ဆိုတာ ရှောင်လွှဲလို့မရဘူး'' ၊ ''ဒါက မတော်တဆ မဟုတ်ပါဘူး'' ၊ ''ကောလာဟလက တကယ် ဖြစ်လာတတ်တယ်'' ၊ ''မန်ချက်စတာမှ ကြိုဆိုပါတယ်'' ၊ ''သူ (ဇာဗီ၏ဇနီး) က ကိုယ်ဘာလုပ်နေလဲဆိုတာကို သိပါတယ်'' ဟု အသီးသီးမှတ်ချက်ရေးသားခဲ့ကြသည်။
မန်ယူအသင်းတာဝန်ရှိသူများအနေဖြင့် အဲရစ်တန်ဟက်ဂ်၏နေရာတွင် အစားထိုးရန်အတွက် ပြီးခဲ့သည့်လများအတွင်း ဇာဗီကို နှစ်ကြိမ်ဆက်သွယ်ခဲ့ကြောင်းလည်း မကြာသေးမီရက်ပိုင်းက သတင်းထွက်ပေါ်ခဲ့သည်။
မန်ယူအသင်းအမှုဆောင်ချုပ် အိုမာဘာရာဒါဦးဆောင်သည့် လေးဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၄ ရက်က ဘာစီလိုနာမြို့သို့သွားရောက်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး အသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များကမူ ၎င်းတို့အနေဖြင့် ထိပ်တန်းအဆင့် အစည်းအဝေးတစ်ခုသို့ သွားရောက်ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
