ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ် ၊မဲနယ်တောင်ဒေသအတွင်း ရေကြီးရေလျှံမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် အိမ်ထောင်စု ၂၀၀ အတွက် စားနပ်ရိက္ခာနှင့် လူသုံးကုန် ပစ္စည်းများကို ယနေ့ ထောက်ပံ့ ကူညီပေးလျှက်ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ကူညီရာ၌ လတ်တလော စားသောက်နိုင်ရန် အသင့်စားခေါက်ဆွဲခြောက်၊ ဆေးဝါး၊ အဝတ်အထည်၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများနှင့် အခြားသော လိုအပ်မည့် လူသုံးကုန် ပစ္စည်းများကို ပေးအပ်ကူညီလျှက်ရှိသည်ဟုဆိုသည်။
အဆိုပါ မဲနယ်တောင်ဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ပရဟိတအဖွဲ့မှ ပထမဆုံးအကြိမ် သွားရောက် ကူညီကြခြင်းဖြစ်ပြီး၊ ရှမ်းပြည် မြောက်ပိုင်းမှ အောက်တိုဘာ (၂၇) ရက်တွင် စတင်ထွက်ခွာ၍ ယနေ့ အောက်တိုဘာ (၂၉)ရက်တွင် ဒေသတွင်းသို့ ရောက်ရှိကာ ထောက်ပံ့ကူညီနေကြပြီဖြစ်သည်။
“အခု ကျွန်တော်တို့ မဲနယ်တောင်ဒေသ ရေကြီးရေလျှံမှုမှာ ရေဘေးသင့်ထားတဲ့ ရွာ (၆) ရွာထဲက ရွာ(၂) ရွာကို အရင်ဆုံး လာလှူပေးတာပေါ့။ ရေကြီးတုန်းက ရေနဲ့အတူ ပါသွားတဲ့ လူ (၂၆) ယောက်ရှိတယ်။ အိမ်ခြေ (၂၀၀) ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်။ နှစ်ပေါင်း (၉၀) အတွင်း ရွာလုံး ကျွတ်ပျောက်သွားတဲ့အခြေအနေကို ရင်ဆိုင်ရတယ်လို့ ဒေသခံ လီဆူးအဖွားအိုတစ်ဦးက ပြောတယ်ဗျ။ ကူညီကယ်ဆယ်ရေးတွေ လာတော့ လာကြပါတယ်။ အလှမ်းဝေးတော့အနည်းစုဘဲ လာကြတာပေါ့။ ကျွန်တော်တို့ ရှမ်းမြောက်အဖွဲ့အနေနဲ့ ဆက်ပြီးကူညီထောက်ပံ့မှုတွေ လုပ်သွားမှာပါ”ဟု အဆိုပါခရီးစဉ်သို့ ဦးဆောင်သွား ရောက်ခဲ့သူတစ်ဦးက ရှင်းပြသည်။
အဆိုပါ မဲနယ်တောင်ဒေသတွင် ယခုလ အောက်တိုဘာ (၁၉)ရက်က မိုးသည်း ထန်စွာရွာသွန်းရာမှ ဒေသတွင်းရှိနေအိမ်များ ရေစီးနှင့် မျောပါခဲ့ကြရပြီး လက်ရှိတွင် စစ်ဘေးရှောင်စခန်းများ၌ ယာယီနေထိုင်နေကြရကြောင်း သိရသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
