ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မိုင်းထောင်ဖောက်ခွဲရန် လာရောက်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ နှစ်ဦးသေဆုံးကာ တစ်ဦးအား လက်လုပ်မိုင်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၇ ရက် နံနက် ၆ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၂)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ အမှတ်(၃၀) အခြေခံပညာမူလတန်းကျောင်းအနီး၌ အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၈)ရပ်ကွက်နေ ဖိုးလပြည့်နှင့် အမှတ်(၉၄)ရပ်ကွက်နေ ပိုင်မင်းထက်တို့ နှစ်ဦးအား မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် ဆေးကုသပေးနိုင်ရေး အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)သို့ ပို့ဆောင်၍ ထိန်းသိမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခဲ့ရာ ယင်းနေ့ နံနက် ၄ နာရီခွဲတွင် ဖိုးလပြည့်၊ ပိုင်မင်းထက်နှင့် အောင်နိုင်ထွန်း (ခ)ကရင်တို့သည် ငွေစိုး မောင်းနှင်သည့် Toyota Corolla အမျိုးအစား အဖြူရောင်အငှားယာဉ်ဖြင့် အမှတ်(၉၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မိုင်းထောင်ဖောက်ခွဲရန် သွားရောက်စဉ် အဆိုပါရုံးအနီးအရောက်၌ ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် လက်လုပ်မိုင်းမှာ ပေါက်ကွဲခဲ့သဖြင့် ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး အောင်နိုင်ထွန်း(ခ)ကရင်မှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ယာဉ်မောင်းဖြစ်သူ ငွေစိုးမှ ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦးအား တင်ဆောင်၍ ဆက်လက်မောင်းနှင်ကာ အမှတ်(၃၀)အခြေခံပညာ မူလတန်း ကျောင်းအနီးအရောက်၌ ယာဉ်ပေါ်မှ ချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦး၏ ထွက်ဆိုချက်အရ ယာဉ်မောင်းငွေစိုးအား ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် မေယဝတီလမ်းထောင့်အနီးတွင် ငွေစိုးအား ၎င်းမောင်းနှင်သည့် အဖြူရောင် အငှားယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မော်တော်ယာဉ်အား အသေးစိတ်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူ သုံးဦးအနက် ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့သည် ဆေးကုသမှုခံယူနေစဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ငွေစိုးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသူ အောင်နိုင်ထွန်း(ခ)ကရင်အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
