အင်ချွန်းနိုင်ငံတကာလေဆိပ်က နာမည်ကျော်များအတွက် အထူးသီးသန့်ဝင်ပေါက်ဂိတ်တစ်ခုထားရှိပေးရန် အစီအစဉ် အပေါ်ဝေဖန်မှုများကြုံတွေ့နေစဉ် ယင်းအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။
လေဆိပ်တွင် နာမည်ကျော်များအတွက် လုံခြုံရေးအလွန်များပြားမှုနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိလာသည့်အပေါ် ကနဦး အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
“ပါလီမန်ဆိုင်ရာ စစ်ဆေးမှုနဲ့ မီဒီယာ သတင်းဖော်ပြမှုတွေအရ ကွဲပြားနေတဲ့ထင်မြင်ယူဆချက်တွေ ထွက်ပေါ်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အောက်တိုဘာ ၂၈ ရက်မှာ စတင်အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ နာမည်ကြီးသူတွေအတွက် အထူးသီးသန့် ဝင်ပေါက်အစီအစဉ်ကို အကောင်အထည်ဖော်သွားမှာ မဟုတ်ပါဘူး” ဟုအင်ချွန်းနိုင်ငံတကာလေဆိပ်ကော်ပိုရေးရှင်းက အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၎င်းတို့အနေဖြင့် လေဆိပ်အသုံးပြုသူ များ၏ ဘေးကင်းလုံခြုံမှုနှင့် ပြဿနာမဖြစ် ပေါ်စေဘဲ လူစုလူဝေးကို ထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး နောက်ထပ်အကြံပြုချက်များ ကို စုစည်းရန် စီစဉ်ထားသည့်အပြင်ပြည်ပ လေဆိပ်များ၏ လုပ်ထုံးလုပ်နည်းများကိုသုံး သပ်သွားရန် စီစဉ်ထားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၂၃ ရက်က ကော်ပိုရေး ရှင်းသည် အင်ချွန်းလေဆိပ်တွင် နာမည်ကြီး များအတွက် သီးသန့် ဂိတ်ဝင်ပေါက်လုပ်ထုံး လုပ်နည်းတစ်ခုအတွက် ပူးပေါင်းဆောင်ရွက် ပေးရန် အထောက်အထားတစ်ခုကိုပေးပို့ခဲ့ သည်။ယင်းအထောက်အထားတွင်ဖော်ပြ ချက်အရ အထူးသီးသန့် တင်ပြတောင်းဆို သည့် အနုပညာရှင်များနှင့် နာမည်ကြီးပုဂ္ဂိုလ် များ အတွက် အောက်တိုဘာ ၂၈ ရက်မှစတင် ကာ အထူးသီးသန့်ဂိတ်ဝင်ပေါက်တစ်ခုအသုံးပြု နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသော် လည်း ယင်းအစီအစဉ်ကိုလက်ရှိအချိန်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
