အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက စီးပွားရေးအခက်အခဲများ ဖြစ်ပွားခဲ့မှုအတွက် အီတလီနိုင်ငံသားများကို မေ ၁ ရက်တွင် တောင်းပန်ခဲ့ပြီး Lockdown ချထားမှုများ ရုပ်သိမ်းသည်နှင့်တစ်ပြိုင်တည်း ပိုမိုတောက်ပသည့် အနာဂတ်တစ်ခု ဖြစ်လာမည်ဟု ကတိပေးခဲ့သည်။
အီတလီနိုင်ငံသည် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှုအရှည်ကြာဆုံး ကျဉ်းထဲကျပ်ထဲအခြေအနေမှ မေ ၄ ရက်တွင် စတင်လွတ်မြောက်မည်ဖြစ်ပြီး နှစ်လကြာ ထိန်းချုပ်ကန့်သတ်မှုက ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းသစ်ကို ရှောင်ရန် လုံလောက်ခြင်း ရှိ၊ မရှိကို သုံးသပ်မည် ဖြစ်သည်။
မြေထဲပင်လယ်ဒေသနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသည့် အရေအတွက်သည် ၂၇,၉၆၇ ဦးရှိပြီး အမေရိကန်ပြီးလျှင် ဒုတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်သော်လည်း နေ့စဉ်ဗိုင်းရပ်စ် ကူးစက်မှုနှုန်းသည် မတ်လအစောပိုင်းတွင် နောက်ဆုံးမြင်တွေ့ရသည့်ပမာဏထက် ပြန်လည်ကျဆင်းလာပြီ ဖြစ်သည်။
အီတလီတွင် အလုပ်သမားအင်အား၏ ထက်ဝက်ကျော်သည် အစိုးရထောက်ပံ့မှုကို အမှီပြုနေရသည်။ Corriere della Sera သတင်းစာတွင် မေ ၁ ရက်က ဖော်ပြခဲ့သည့် စစ်တမ်းတစ်ခုတွင် ယင်းအလုပ်သမားများက အလုပ်အကိုင်ဆုံးရှုံးမည်ကို စိုးထိတ်နေသည်ဟု ပြောကြားခဲ့သည်။
အစိုးရအဖွဲ့သည် ရုန်းကန်နေရသည့် မိသားစုဝင်များနှင့် စီးပွားရေးလုပ်ငန်းများကို ယူရိုသန်း ၅၀ ကျော် ခွဲဝေပေးရန် နောက်ကျခဲ့သည်ဟု ကွန်တီက ဝန်ခံခဲ့သည်။
“ ငွေခွဲဝေပေးမှုမှာ အချို့ကြန့်ကြာမှုတွေ ဖြစ်တာမျိုးရှိခဲ့တယ်။ အစိုးရအဖွဲ့ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်။ ပေးငွေနဲ့ ငွေကြေးထောက်ပံ့မှုတွေကို တတ်နိုင်သမျှ ပြည့်စုံစေဖို့ တွန်းအားပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ကွန်တီက ပြောကြားခဲ့သည်။
ယခုနှစ်တွင် အီတလီ၏စီးပွားရေးသည် ရှစ်ရာခိုင်နှုန်း ကျုံ့သွားနိုင်ခြေရှိသည်ဟု အစိုးရအဖွဲ့က ခန့်မှန်းခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကမူ ၉.၁ ရာခိုင်နှုန်း ကျုံ့သွားနိုင်ခြေရှိသည်ဟု ခန့်မှန်းခဲ့သည်။
သို့သော် ဗိုင်းရပ်စ်ပျံ့နှံ့မှု တစ်ကျော့ပြန်လာပြီး နောက်ထပ်ပိတ်ဆို့မှုများ လုပ်ဆောင်ရန် လိုအပ်လာပါက စီးပွားရေးကျဆင်းမှုသည် ၁၀ ရာခိုင်နှုန်းရှိလာနိုင်သည်ဟု ကွန်တီက ဧပြီ ၃၀ ရက်တွင် သတိပေးခဲ့သည်။ ဗိုင်းရပ်စ်တစ်ကျော့ပြန် ဖြစ်လာမည့် သတိပေးမှုကို ဆုံးဖြတ်ရန် ကျန်းမာရေးဝန်ကြီးဌာနက စံသတ်မှတ်ချက် ထုတ်ပြန်ခဲ့သည်။
ယင်းစံသတ်မှတ်ချက်တွင် ကူးစက်မှုနှုန်းများသည် ဆေးရုံများကို အလွန်အမင်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်း ရှိ၊ မရှိနှင့် ဒေသများတွင် လုံလောက်သည့် စစ်ဆေးမှုများနှင့် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များကို ခြေရာခံရန် အခြားနည်းလမ်းများ အသုံးပြုခြင်း ရှိ၊ မရှိတို့ ပါဝင်သည်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် နှစ်လကြာ ပိတ်ဆို့ကန့်သတ်မှုများကို ဖြေလျော့ရန် အီတလီက အစီအစဉ်များ ချမှတ်ခဲ့သည်။ ယင်းဖြေလျှော့မှုများကို မေ ၄ ရက်မှ စတင်မည်ဖြစ်ပြီး နိုင်ငံသားများသည် လူအနည်းငယ်ဖြင့် ၎င်းတို့၏ ဆွေမျိုးများထံ သွားရောက်လည်ပတ်ခွင့်ရှိမည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ပန်းခြံများ၊ စက်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်သော်လည်း စာသင်ကျောင်းများကို စက်တင်ဘာမတိုင်မီအထိ ပြန်လည်ဖွင့်လှစ်မည် မဟုတ်ပေ။
ကိုရိုနာဗိုင်းရပ်စ်သည် အီတလီ၏ စုစုပေါင်းစီးပွားရေး ထုတ်လုပ်သည့် ပမာဏ၏ ၄၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့်ဒေသ သုံးခုတွင် ပျံ့နှံ့ခဲ့မှုကြောင့် နိုင်ငံအတွက် ထိခိုက်မှု ဖြစ်ပေါ်ခဲ့ရသည်။ အီတလီနိုင်ငံသားများ ဒုက္ခရောက်မှုကို ခံစားရပြီး ၎င်းတို့၏ စိုးထိတ်မှုကို နားလည်ကြောင်း ကွန်တီက ပြောကြားခဲ့သည်။
“ ပိတ်ဆို့မှုတွေနဲ့ အလုပ်အကိုင် ဆုံးရှုံးနိုင်မှုတွေကြောင့် ဒီအကျပ်အတည်းမှာ အများစုက စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့နေရတယ်” ဟု ကွန်တီက ရေးသားခဲ့သည်။
အီတလီနိုင်ငံသား လေးသန်းက မေ ၄ တွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်သည့်အတွက် ထိန်းချုပ်ကန့်သတ်မှု၏ ပထမဆုံးရလဒ်ကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
