နိုင်ငံအချို့နှင့် အမေရိကန်၏ပြည်နယ် အများအပြားက စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူဆိုင်ရာ လှုပ်ရှားမှုများကို ပြန်လည်ခွင့်ပြုခဲ့ချိန်တွင် ရုရှားနှင့် ပါကစ္စတန်တို့၌ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းသည် စံချိန်တင် မြင့်တက်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့သော တရုတ်တွင် မေ ၂ ၌ ကူးစက်သူသစ် တစ်ဦးသာ ရှိခဲ့သည်။ တောင်ကိုရီးယားတွင် မေ ၂ ၌ ကူးစက်ခံရသူသစ် ခြောက်ဦးသာ ရှိခဲ့ပြီး ကူးစက်မှုဗဟိုချက်ဖြစ်ခဲ့သော ဒေဂူမှ မဟုတ်ပေ။ ထိုနှစ်နိုင်ငံစလုံးသည် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် ဗိုင်းရပ်စ်ထိန်းချုပ်ရေး စည်းမျဉ်းများအား ဖြေလျှော့ပေးနေပြီဖြစ်သည်။
ရုရှားတွင် မေ ၁ ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၇၉၃၃ ဦး ရှိခဲ့သောကြောင့် ကူးစက်ခံရသူစုစုပေါင်း ၁၁၄၄၃၁ ဦးအထိ ရှိလာခဲ့သည်။ သို့သော် လူတိုင်းအား ဗိုင်းရပ်စ်စစ်ဆေးမှု မလုပ်ရသေးသလို ရုရှား၏ ဗိုင်းရပ်စ်စစ်ဆေးမှုသည် ရာခိုင်နှုန်း ၇၀ မှ ၈၀ အထိသာ တိကျမှန်ကန်သည်ဟု ဆိုခြင်းကြောင့် အမှန်တကယ် အရေအတွက်သည် ထိုထက်ပိုမိုများပြားနိုင်သည်ဟု ယူဆရသည်။
ရုရှား၏ဒေသ ငါးခုထက်မနည်းတွင် ကူးစက်မှုနှုန်း တစ်ရှိန်ထိုး မြင့်တက်ခဲ့သည်။ မြို့တော်မော်စကိုတွင် တစ်နိုင်ငံလုံး ကူးစက်မှုစုစုပေါင်း၏ ထက်ဝက်ဖြစ်ပွားနေကြောင်း အများပြည်သူ့ ကျန်းမာရေးဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ရုရှားဝန်ကြီးချုပ် မီခေးလ်မစ်ရှုစတင်က သူ့တွင် COVID-19 ရောဂါ Positive ဖြစ်ခဲ့ပြီးနောက် အစိုးရအဖွဲ့အား စီမံမှု ယာယီဆိုင်းငံ့ကြောင်း ဧပြီ ၃၀ တွင် ကြေညာခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးနှင့် ၎င်း၏ လက်ထောက်တို့သည်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်။
ပါကစ္စတန်တွင် မေ ၂ ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူူသစ် ၁၂၉၇ ဦး မြင့်တက်လာမှုကြောင့် လူဦးရေသန်း ၂၂၀ ရှိသောနိုင်ငံတွင် ကူးစက်ခံရသူစုစုပေါင်း ၁၈၁၁၄ ဦးအထိ မြင့်တက်လာခဲ့သည်။
ရောဂါစမ်းသပ်စစ်ဆေးမှု မြင့်တက်လာမှုကြောင့် ကူးစက်သူအရေအတွက် တွေ့ရှိမှု တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း ဗိုင်းရပ်စ်စစ်ဆေးမှု ၉၀၀၀ ကျော် ဆောင်ရွက်ခဲ့ပြီး တစ်နေ့ စစ်ဆေးမှုအကြိမ် ၂၀၀၀၀ အထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ် အီမရန်ခန်းက ပြောကြားခဲ့သည်။
ပါကစ္စတန်သတင်းစာများ၏ ဓာတ်ပုံများထဲတွင် ဗလီများ၌ ဝတ်ပြုသူအများအပြား စုဝေးနေပုံနှင့် အချို့ကသာ လူအချင်းချင်း ခွာခွာကင်းကင်းနေရန် စည်းမျဉ်းများကို လိုက်နာကြကြောင်း မြင်တွေ့ခဲ့ရသည်။
ခန်း၏အစိုးရက ထိန်းချုပ်မှုများအား ဖြေလျှော့ပေးဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ သိို့သော် ကူးစက်ပျံ့နှံ့မှု တစ်ရှိန်ထိုး မြင့်တက်ခဲ့ပါက ပါကစ္စတန်နိုင်ငံတစ်ဝန်း အရေးပေါ် ကြပ်မတ်ကုသဆောင် ခုတင် ၃၀၀၀ သာ ရှိသော ဆေးရုံများကိုသာ အလွန်အမင်း ဝန်ပိစေမည်ဖြစ်သောကြောင့် တင်းကျပ်သော Lockdown စီမံချက်များ ချမှတ်ရန် ဆရာဝန်များက မေတ္တာရပ်ခံခဲ့ကြသည်။
မေ ၁ တွင် ကိုရိုနာဗိုင်းရပ်စ်အား တိုက်ဖျက်မှု၌ အထောက်အပံ့ဖြစ်စေသော ပထမဆုံးဆေးကို အရေးပေါ်အခြေအနေတွင် အသုံးပြုရန် အမေရိကန် စားသောက်ကုန်နှင့် ဆေးဝါးစီမံအုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့သည်။ လေ့လာမှုတစ်ခုတွင် ထိုဆေးဝါး Remdesivir သည် လူနာများ ပြန်လည်သက်သာရန် ကြာမြင့်ချိန်ကို ပျမ်းမျှ ၁၅ ရက်မှ ၁၁ ရက်အထိ လျှော့ချပေးနိုင်ခဲ့ပြီး သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်ဖွယ် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
