ဧပြီ ၃၀ ရက်တွင် စပိန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၆၈ ဦးသေဆုံးခဲ့ပြီး ယင်းပမာဏသည် မတ် ၂၀ ရက်နောက်ပိုင်း နေ့ စဉ်သေဆုံးသူအရေအတွက် အနိမ့်ဆုံးဖြစ် သည်။ နိုင်ငံတွင်း၌ lockdown ချထားမှုကို ဖြေလျှော့ရန် ပြင်ဆင်နေစဉ် စပိန်ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက်အရ စပိန်၌ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူစုစုပေါင်း ၂၄၅၄၃ ဦးရှိပြီး ထိုအရေအတွက်သည် အမေရိကန်၊ အီတလီ၊ ဗြိတိန်ပြီးပါက စတုတ္ထအများဆုံးဖြစ်သည်။
နေ့စဉ်သေဆုံးသူအရေအတွက်သည် ငါးရက်ဆက်တိုက် လူ ၃၀၀ ဝန်းကျင် ရှိနေပြီး ယင်းပမာဏသည် သေဆုံးသူ ၂၃၅ ဦးရှိခဲ့ သည့် မတ် ၂၀ ရက်နောက်ပိုင်းမှစ၍ အနိမ့် ဆုံးပမာဏဖြစ်သည်။
PCR ဟုအသိများသော နည်းပညာကို အသုံးပြု၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစမ်း သပ်တွေ့ရှိခဲ့သည့် လူနာများကို မကြာသေးမီ တွင် COVID-19 အတည်ပြုလူနာစာရင်း ထဲသို့ အစိုးရအဖွဲ့က ထည့်သွင်းခဲ့သည်။ နိုင်ငံတွင်း၌ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၁၃၄၃၅ ဦးရှိသည်။ ရောဂါကူးစက်ခံရသူ ၁၁၂၀၀၀ ကျော်မှာ ပြန်လည် ကျန်းမာလာကြောင်း ထုတ်ပြန်ကြေညာထား သည်။ စပိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းသည် ဧပြီ ၂ ရက်တွင် အမြင့်ဆုံးဖြစ်ခဲ့ သည်ဟု ကျန်းမာရေးပညာရှင်များက ခန့် မှန်းထားကြပြီး ထိုအချိန်က ၂၄ နာရီအတွင်း လူ ၉၅၀ ဦးသေဆုံးခဲ့သည်။ ယင်းနောက်ပိုင်း တွင် နေ့စဉ်သေဆုံးသူအရေအတွက်မှာ တဖြည်းဖြည်းကျဆင်းလာခဲ့သည်။
အရွယ်ရောက်ပြီးသူများသာ အစားအစာ၊ ဆေးဝါးဝယ်ယူရန် အိမ်ပြင်သို့ထွက်ခွင့်၊ ခွေးနှင့်လမ်းလျှောက်ခွင့်ရှိပြီး စပိန်တွင် နေထိုင်သော လူ ၄၇ သန်းနီးပါးသည် မတ် ၁၄ ရက်ကတည်းက ကမ္ဘာပေါ်တွင် စည်း မျဉ်းစည်းကမ်းအတင်းကျပ်ဆုံး lockdown ချထားမှုများထဲမှ တစ်ခုနှင့် တွေ့ကြုံနေကြ ရသည်။ lockdown ချထားမှုကို မေ ၉ ရက် အထိ သက်တမ်းထပ်တိုးရန် ပြီးခဲ့သည့် သီတင်းပတ်တွင် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပိတ်ဆို့ကန့်သတ်မှုများကို ကဏ္ဍလေးရပ်ခွဲ၍ တဖြည်းဖြည်းချင်းစတင်ဖြေလျှော့ပေးမည့် အစီအစဉ်ကို စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်း ချက်ဇ်က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
