ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု၏ အထွတ်အထိပ်သည် မရောက်သေးကြောင်း သမ္မတဗလာဒီမာပူတင်က သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်သူသစ်အရေအတွက် စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ဧပြီ ၃၀ တွင် နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်သည် ၁၀၀၀၀၀ ကျော် သွားခဲ့သည်။
မတ်လနှောင်းပိုင်းမှစပြီး အများပြည် သူဆိုင်ရာ နေရာအများစုကို ပိတ်သိမ်းကြောင်း သမ္မတဗလာဒီမာပူတင်က ထုတ်ပြန်ခဲ့ပြီးနောက် ပိုင်နက်နယ်မြေအရ ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်သည့် ရုရှားတွင် Lockdown ချမှတ်ခဲ့သည်။ ယခုသီတင်းပတ်တွင် ရုရှား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အရေအတွက်သည် တရုတ်နှင့် အီရန်ကို ကျော်တက်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို အဆိုးရွားဆုံးကြုံတွေ့နေသည့် နိုင်ငံများထက် သေဆုံးမှု နှုန်းနည်းပါးသေးသော်လည်း ဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုခဲ့သည့် ကိန်းဂဏန်းအရ ရုရှားသည် ယခုအခါ ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံး နိုင်ငံစာရင်းတွင် အဋ္ဌမမြောက်နေရာ၌ ရပ်တည်နေသည်။
ယခုအခါ နိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် ၁၀၆၄၉၈ ဦး ရှိလာပြီဟု ရုရှားနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းတုံ့ပြန်ဖြေရှင်းရေးစင်တာက ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၁ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁၀၇၃ ဦး ရှိလာပြီဟုလည်း ထုတ်ပြန်ခဲ့သည်။
ယခုလတွင် သေဆုံးမှုနှုန်း သိသိသာသာမြင့်တက်လာမှုကို တာဝန်ရှိသူများက မှတ်တမ်းပြုစုခဲ့သည်။ ရေနံစျေးနှုန်း ပြိုလဲမှုနှင့်အတူ သီတင်းပတ် ငါးပတ်ရှိလာပြီဖြစ်သည့် Lockdown ချထားမှုကြောင့် စီးပွားရေးတိုးတက်မှုသည် လေးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်း ကျုံ့မည့်အနေအထား ဆိုက်ရောက်စေသည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
သမ္မတပူတင်သည် ဧပြီ ၂၈ တွင် ရုပ်သံမိန့်ခွန်းပြောကြားရာ၌ Lockdown ချထားမှုများကို နောက်ထပ် သီတင်းနှစ်ပတ်တွင် လျှော့ချပေးနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မြင့်တက်မှုသည် ဆက်လက်ဖြစ်နေဦးမည်ဟု ပူတင်က သတိပေးခဲ့သည်။
“အခြေအနေက အရမ်းကို ခက်ခဲနေတုန်းပါ။ ကူးစက်မြန်ကပ်ရောဂါကို တန်ပြန်တဲ့အချိန်မှာ အသစ်အဆန်းနဲ့ အပြင်းထန်ဆုံးလို့ ထင်ရတဲ့အရာကို ရင်ဆိုင်နေရတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
