ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အင်းစိန်-ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီးတွင် ယနေ့ အောက်တိုဘာ(၂၉)ရက် နံနက်ပိုင်းက ယာဉ်တို-က်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
JAC HFC အမျိုးအစား ယာဉ်အား TOYOTA TOYOACE ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဝင်တို-က်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်တို-က်မှုကြောင့် TOYOTA TOYOACE ယာဉ်ပေါ်ပါ ကျား(၁)ဦး အသက်ဆုံးရှူံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသား(၃)ဦး စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်) မီးသတ်စခန်းမှ၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးခဲ့သလို ရွှေ့ဝင့်ဝါလူမှုကူညီရေးအသင်း၊ ခွန်အားသစ်လူမှုကူညီရေးအသင်းနှင့် သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း သူနာတင်ယာဉ်တို့ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
