ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနီး ဒေါနတောင်တက်လမ်းပိုင်းရှိ ရန်ကုတ်ရွာနှင့် ကြောင်လျာကုန်းရွာအနီး တပ်မတော်၏ အောင်ဇေယျစစ်ကြောင်းနှင့် ဒေသတွင်း လက်နက်ကိုင်ပူးပေါင်း
အဖွဲ့တို့အကြား တစ်ကျော့ပြန်ထိတွေ့တိုက်ခိုက်မှုများပြင်းထန်လာနေကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ယခုလ အောက်တိုဘာ ၂၇ ရက်တွင် အဆိုပါ ကျေးရွာများအနီး နှစ်ဖက်တပ်များ အသင့်နေရာယူထားသည်ကိုတွေ့ရပြီး၊ အောက်တိုဘာ ၂၈ ရက်တွင် စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွါးနေသည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲကြောင့် ထိုင်း- မြန်မာ ကုန်စည်စီးဆင်းရာ ထို့ကော်ကိုးလမ်းပိုင်း၊ ၁၀၁၈ နယ်ခြားစောင့်လမ်း၊ ကြက်ဥတောင်လမ်းတို့နှင့် သက်ဆိုင်ခြင်းမရှိသည့်အတွက် ပုံမှန်ကုန်စည်စီးဆင်း
လျက်ရှိကြောင်း သိရသည်။
“အောက်တိုဘာ၂၇ ရက်ကနေစပြီး အဲ့ဒီဘက် အသွားအလာ မလုပ်ဖို့ ကားတွေကို ပြောထားတာရှိတယ်။ အဲ့ဒီလမ်းပိုင်းက၂၈ ရက်နေ့ကစပြီး အသွားအလာမရတော့။ ထို့ကော်ကိုးလမ်းနဲ့ အခြားလမ်းတွေနဲ့မဆိုင်ဘူး။ အခုတိုက်ပွဲဖြစ်တာ အရင်ဖြစ်တဲ့နေရာတစ်ဝိုက်မှာ အခုပြန်ဖြစ်နေတာ”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲမှုများလည်းရှိကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များတွင်တွေ့ရှိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
