ပင်လယ်ကွေ့တွင် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် တင်းမာမှုများ ထပ်မံဖြစ်ပေါ်နေစဉ် အီရန်နိုင်ငံ၏ ပထမဆုံးစစ်ဘက်သုံး ဂြိုဟ်တုတစ်ခုကိုဧပြီ ၂၂ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့သည်ဟု အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ အာကာသလှုပ်ရှားမှုများသည် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အီရန်က အခိုင်အမာပြောကြားခဲ့သော်လည်း အီရန်၏ ဂြိုဟ်တုအစီအစဉ်သည် ဒုံးများတီထွင်ထုတ်လုပ်မှုအတွက် ဟန်ပြတစ်ခုဖြစ်သည်ဟု အမေရိကန်က စွပ်စွဲထားသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် အီရန်ရေယာဉ်များသည် ပင်လယ်ကွေ့တွင် အမေရိကန်သင်္ဘောများကို အနှောင့်အယှက်ပေးခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့မှုနှင့်အတူ ပြိုင်ဘက်နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
ဂြိုဟ်တုလွှတ်တင်မှုသည် ကြီးမားသည့် အောင်မြင်မှုတစ်ခုဟု အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဂုဏ်ပြုခဲ့သည်။ အီရန်၏ပထမဆုံးဂြိုဟ်တုကို တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဂြိုဟ်တုပတ်လမ်းအတွင်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့သည်ဟု တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ဝက်ဘ်ဆိုက် Sepahnews တွင် ဖော်ပြခဲ့သည်။
Nour ဟု ခေါ်ဆိုသည့် ဂြိုဟ်တုကို အဆင့်နှစ်ဆင့်ပါသော Qassed ဒုံးပစ်စင်ဖြင့် အီရန်အလယ်ပိုင်း ကုန်းပြင်မြင့်ရှိ Markazi ကန္တာရမှ လွှတ်တင်ခဲ့သည်ဟု ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
“ဂြိုဟ်တုလွှတ်တင်နိုင်မှုဟာ အီရန်နိုင်ငံအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုနဲ့ အာကာသနယ်ပယ်မှာ တီထွင်မှုအသစ်တစ်ခု ဖြစ်လာနိုင်ခြေရှိတယ်” ဟုလည်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
စစ်ဘက်သုံးရန်အတွက်မဟုတ်ဟုဆိုသည့် ဂြိုဟ်တုတစ်လုံးကို ဂြိုဟ်တုပတ်လမ်းသို့ လွှင့်တင်ရာတွင် ပျက်ကျခဲ့ပြီး နှစ်လကျော်အကြာတွင် Nour ဂြိုဟ်တုကို အီရန်က ထပ်မံ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ပါရှန်းဘာသာဖြင့် အောင်မြင်မှုဟု အဓိပ္ပာယ်ရသော Zafar ဂြိုဟ်တုကို အစ္စလာမ္မစ်တော်လှန်ရေး(၄၁) နှစ်ပြည့်မတိုင်မီ ရက်အနည်းငယ်အလို ဖေဖော်ဝါရီ ၉ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
လက်နက်ပြိုင်ဘက်များဖြစ်သည့် အီရန်နှင့် အမေရိကန်သည် ပြီးခဲ့သည့်နှစ်တွင် မီးကုန်ယမ်းကုန် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်တော့မည့်ဆဲဆဲအခြေအနေ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
အမေရိကန်သည် အီရန်၏ဂြိုဟ်တုအစီအစဉ်နှင့်ပတ်သက်ပြီး ယခင်ကတည်းက စိုးရိမ်ပူပန်ခဲ့သည်။၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် အီရန်၏ Carrier Rocket တစ်ခု လွှင့်တင်ခဲ့မှုသည် ၎င်း၏ ပဲ့ထိန်းဒုံးများအပေါ် ကန့်သတ်ထားမှုကို ချိုးဖောက်သည့် သဘောသက်ရောက်ခဲ့သည်ဟု အမေရိကန်က ပြောကြားခဲ့သည်။
နျူကလီးယားလက်နက်များ သိုမှီးရန်ရည်ရွယ်ချက်မရှိဟု အီရန်က ထုတ်ပြန်ခဲ့ပြီး ၎င်း၏ အာကာသလှုပ်ရှားမှုများသည် ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့်အညီ လိုက်နာခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
အရေးယူပိတ်ဆို့မှုများနှင့်ပတ်သက်ပြီး အမေရိကန်သည် စီးပွားရေးအကြမ်းဖက်ဝါဒ ကျင့်သုံးခဲ့ခြင်းဖြစ်သည်ဟု အီရန်က စွပ်စွဲခဲ့သည်။ အီရန်သည် ကမ္ဘာတွင် COVID- 19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးမှု အများဆုံးနိုင်ငံထဲတွင် ပါဝင်သည်။
ဒဏ်ခတ်သည့် စီမံချက်များကြောင့် COVID- 19 ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်သည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများရရှိရန် ပိတ်ပင်ခံခဲ့ရကြောင်း အီရန်က ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၁၉ တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု စတင်ခဲ့ပြီးနောက် အီရန်တွင် လူ ၅၃၀၀ ခန့် သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၅၀၀၀ ရှိဟု အီရန်က ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
