ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရန်အတွက် ကာကွယ်ဆေး ထုတ်လုပ်ရန် သာတူညီမျှရှိပြီး ကျွမ်းကျင်မှုနှင့် အချိန်မီအခွင့်အလမ်းရရှိရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်တစ်ခုကို အများသဘောတူညီမှုဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဖွဲ့ဝင် ၁၉၃ နိုင်ငံက ဧပြီ ၂၁ ရက်တွင် အတည်ပြုခဲ့သည်။
ယင်းဆုံးဖြတ်ချက်တွင် ကပ်ရောဂါ ကိုင်တွယ်မှုနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အခြားနိုင်ငံများ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပါဝင်သည့် အဓိကအခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြခဲ့သည်။
မက္ကဆီကိုနိုင်ငံက မူကြမ်းရေးဆွဲခဲ့ပြီး အမေရိကန်က ထောက်ခံမှုရရှိခဲ့သည့် ယင်းဆုံးဖြတ်ချက်တွင် COVID-19 ရောဂါတိုက်ဖျက်ရန်နှင့်လိုအပ်သည့် သိပ္ပံနည်းကျဖြစ်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် ပုဂ္ဂလိကကဏ္ဍပါဝင်သော ညှိနှိုင်းဆောင်ရွက်မှုကို ထောက်ခံအားပေးရန် တိုက်တွန်းထားသည်။
ကမ္ဘာတစ်ဝန်း လူ ၁၆၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာ့စီးပွားရေးများကို ထိန်းသိမ်းမရအောင် ထိုးကျသည့် အခြေအနေဖြစ်ပေါ်စေခဲ့သည့် ကပ်ရောဂါအား တိုက်ဖျက်မှုတွင် အရေးပါသည့် ကာကွယ်ဆေးနှင့် အခြားကုထုံးဆိုင်ရာများကို တီထွင်ထုတ်လုပ်ရန် သုတေသနဓာတ်ခွဲခန်းများနှင့် ဆေးဝါးထုတ်လုပ်သူများက ငွေကုန်ကြေးကျများသော ကြိုးပမ်းဆောင်ရွက်မှုများ စတင်နေချိန်တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် တိုက်တွန်းမှု ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်တွင် သတ်မှတ်ထားသော ထုတ်လုပ်မှုကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ရန်နှင့် ပွင့်လင်းမြင်သာမှု၊ ကျွမ်းကျင်မှုနှင့် အချိန်မီအခွင့်အလမ်းရရှိမှု၊ ကာကွယ်ရေးပစ္စည်းများ၊ ဓာတ်ခွဲခန်းစမ်းသပ်မှု၊ ဓာတ်စမ်းပစ္စည်းများနှင့် အထောက်အကူဖြစ်သော ကုန်ကြမ်းများ၊ ဆေးဘက်ဆိုင်ရာ အခြေခံပစည်းများ၊ ရောဂါဗေဒအသစ်များ၊ ဆေးဝါးများနှင့် COVID-19 ရောဂါ ကာကွယ်ဆေးများကို အထောက်အပံ့ဖြစ်စေသည့် Supply Chain များကို ပိုမိုခိုင်မာစေရန် ချဉ်းကပ်မှုပါဝင်သော ရွေးချယ်မှုများကို ဖော်ထုတ်ရန်နှင့်အကြံပြုရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို တောင်းဆိုခဲ့သည်။
ယင်းဆုံးဖြတ်ချက်တွင် ထုတ်လုပ်မှုနှင့် ကုသမှုနှင့် ဆေးဝါးဝေမျှမှုကဲ့သို့သော ဆောင်ရွက်ချက်များကို လိုအပ်မှုရှိသော အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရရှိနိုင်ရန်လည်း တိုက်တွန်းခဲ့သည်။
ယင်းဆုံးဖြတ်ချက်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့သည့် ဒုတိယမြောက် ဆုံးဖြတ်ချက်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်မှုတွင် နိုင်ငံများက ကွဲပြားခြားနားသော လုပ်ဆောင်ချက်များကို လုပ်ဆောင်နေစဉ် ဧပြီ ၂၁ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
ယခုလအစောပိုင်းတွင် အတည်ပြုခဲ့ပြီးဖြစ်သည့် ပထမဆုံးဖြတ်ချက်တွင်လည်း ကူးစက်ပျံ့နှံ့နေသည့် ရောဂါကို တိုက်ဖျက်မှုတွင် အပြည်ပြည်ဆိုင်ရာက ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကမူ တူနီးရှားနှင့် ပြင်သစ်နိုင်ငံက အဆိုပြုခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်းနှစ်ခုအတွက် သဘောတူညီချက်များ မရသေးပေ။ ကမ္ဘာတစ်ဝန်း ကပ်ရောဂါတိုက်ဖျက်ရေးများ လုပ်ဆောင်နေစဉ် အပစ်အခတ်ရပ်စဲရန် ပြီးခဲ့သည့်လတွင် ဂူတာရက်စ်က တိုက်တွန်းခဲ့မှုကို ယင်းမူကြမ်းနှစ်ခုက ထောက်ခံခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
