ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဒဏ်ကို အပြင်းထန်ဆုံးခံရသည့် ဥရောပ၏ အစိတ်အပိုင်းများအနေဖြင့် ဧပြီ ၂၀ ရက်တွင် ပုံမှန်ဘဝကို ပြန်လည်ထိန်းသိမ်းရန် အစမ်းသဘော ခြေလှမ်းများ လှမ်းခဲ့ရာ ဂျာမနီတွင် ဆိုင်အချို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး နော်ဝေတွင်လည်း နေ့ကလေးထိန်းဌာနများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်အား Lockdown ချထားမှုကို ဖြေလျှော့ရန်အချိန်နှင့် ပြုလုပ်ပုံတို့နှင့် ပတ်သက်၍ ကမ္ဘာ့တစ်လွှားရှိ အစိုးရအဖွဲ့များ ငြင်းခုံလျက်ပင်ရှိသေးသည်။ လူပေါင်း ၄.၅ ဘီလျံသည် နေအိမ်များအတွင်း၌သာ နေနေရပြီး ကမ္ဘာ့စီးပွားရေးသည် အကြီးအကျယ် ချည့်နဲ့သွားခဲ့သည်။
လွန်ခဲ့သည့်နှစ်အနှောင်းပိုင်းက စက်မှုထွန်းကားသည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ စတင်ပေါ်ထွက်လာခဲ့ပြီးနောက် အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်သည့် ဗိုင်းရပ်စ်သည် လူပေါင်း ၁၆၅၀၀၀ ကို သေဆုံးစေခဲ့ပြီး သေဆုံးသူ သုံးပုံနှစ်ပုံမှာ ဥရောပမှ ဖြစ်သည်။
သို့သော် အီတလီ၊ စပိန်၊ ပြင်သစ်နှင့် ဗြိတိန်တို့တွင် နေ့စဉ်သေဆုံးမှုနှုန်း ကျဆင်းလာမှုနှင့်အတူ ယခုသီတင်းပတ်အကုန်တွင် ဥရောပ၌ အားတက်ဖွယ်လက္ခဏာရပ်များ ပြလာခဲ့သည်။
ဥရောပ၌ ရောဂါထိန်းချုပ်ရာတွင် အအောင်မြင်ဆုံးဖြစ်ပြီး ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဟု အာဏာပိုင်များက ကြေညာနိုင်ခဲ့သည့် ဂျာမနီတွင် အချို့ဒေသများရှိ ဆိုင်အငယ်စားများကို ဧပြီ ၂၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ပုံမှန်ဘဝသို့ နောက်တစ်ဆင့် ကြိုးပမ်းမှုအဖြစ် ဆိုင်ကြီးများနှင့် ဂျာမနီရှိအထင်ကရ မြို့ကြီးများရှိ ဆိုင်များကိုလည်း နောက်ပိုင်း၌ ပြန်လည်ဖွင့်လှစ်လိမ့်မည်ဖြစ်ပြီး မေ ၄ ရက်မှစ၍ ကျောင်းသားအချို့ ကျောင်းပြန်တက်ရလိမ့်မည်ဟုလည်း ရှုမြင်ထားသည်။
ဥရောပတွင် နောက်ထပ်မျှော်လင့် ချက်ရောင်ခြည်အဖြစ် နော်ဝေနိုင်ငံတွင် မိဘအချို့က ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သံသယရှိနေကြောင်း ဖော်ပြကြသော်လည်း ဧပြီ ၂၀ ရက်မှစ၍ ကလေးများကို နေ့ကလေးထိန်းဌာနများသို့ သွားရန်ခွင့်ပြုခဲ့သည်။
Lockdown ကို သက်တမ်းတိုးခဲ့သည့် ရောဂါကူးစက်မှုဒဏ် အပြင်းအထန်ခံရသော စပိန်နိုင်ငံတွင်လည်း ကလေးများ အပြင်ထွက်ရန် အချိန်ခွင့်ပြုချက်နှင့်ပတ်သက်၍ ကန့်သတ်ချက်များကို လျှော့ပေါ့ပေးမည်ဟု ပြောကြားခဲ့သည်။
ဧပြီ ၁၉ ရက်တွင် စပိန်နိုင်ငံ၌ ထပ်မံ သေဆုံးသူ ၄၁၀ ဦးရှိရာ တစ်လနီးပါးကြာအတွင်း နေ့စဉ်သေဆုံးမှုနှုန်း အနိမ့်ဆုံးဖြစ်ပြီး ယင်းအရေအတွက်က “ကျွန်တော်တို့ကို မျှော်လင့်ချက်ပေးပြီ” ဟု ကျန်းမာရေးဝန်ကြီးဌာန အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးမှူး ဖာနန်ဒိုဆိုင်မွန်က ပြောကြားခဲ့သည်။
ကျန်းမာရေးစနစ်အပေါ် ဝန်ပိနေမှုများကို လျှော့ချရန် တည်ထောင်လိုက်သည့် ယာယီဆေးရုံအချို့ကိုလည်း အာဏာပိုင်များက စတင်ပိတ်သိမ်းနေပြီဖြစ်သည်။
ပြင်သစ်နိုင်ငံကလည်း တစ်လကြာ အတင်းအကျပ်ချခဲ့ရသည့် တစ်နိုင်ငံလုံးအတိုင်းအတာ Lockdown မှနေ၍ အကျိုးကျေးဇူး စတင်ခံစားနေရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ရောဂါကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရာမှာ ကျွန်တော်တို့အမှတ်တွေတိုးနေပါပြီ” ဟု ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်ပီက ပြောကြားခဲ့သည်။
ရောဂါကူးစက်မှုနှုန်းရော သေဆုံးမှုနှုန်းပါ အမြင့်ဆုံးဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် နယူးယောက် အုပ်ချုပ်ရေးမှူး အင်ဒရူးကူအိုမိုက ရောဂါကူးစက်မှုနှုန်း ကျဆင်းလာပြီဟု ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
