စိတ်ကောင်းစေတနာထားခြင်းကို ပြသမှုအဖြစ် ဥရောပသမဂ္ဂအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများမှ ရောက်ရှိလာသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာများ၏ ဆေးကုသမှုကုန်ကျစရိတ်ကို ဂျာမနီနိုင်ငံက ကျခံပေးမည်ဖြစ်ကြောင်း ဂျာမနီကျန်းမာရေးဝန်ကြီး ဂျင်စဖန်က ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံသည် ၎င်း၏ဥရောပသမဂ္ဂအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံအချို့၌ အပြင်းအထန်ခံစားနေရသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုပြဿနာကို လျော့ပါးသက်သာစေရန် ကူညီပေးခဲ့ပြီး အဓိကအားဖြင့် ပြင်သစ်၊ အီတလီမှ ကိုရိုနာဗိုင်းရပ်စ် လူနာများကို နိုင်ငံတွင်းသို့ သယ်ဆောင်ကာ ဆေးကုသမှုပေးခဲ့သည်။ အဆိုပါလုပ်ဆောင်ချက်သည် ၎င်း၏အိမ်နီးချင်းနိုင်ငံများရှိ ဝန်ပိနေသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်များအပေါ် ကျရောက်နေသည့် ဖိအားကို လျော့ပါးသက်သာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။
ဂျာမနီတွင် နိုင်ငံခြားသားလူနာ စုစုပေါင်း ၂၂၆ ဦး (ပြင်သစ်မှလူနာ ၁၃၀ ဦး၊ အီတလီမှ လူနာ ၄၄ ဦး၊ နယ်သာလန်မှလူနာ ၅၅ ဦး) ဆေးကုသမှုခံယူနေပြီး ယင်းလူနာများ၏ ဆေးကုသမှုကုန်ကျစရိတ်သည် ယူရိုသန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၁.၇ သန်း) ခန့်ရှိကြောင်း ဂျာမနီတာဝန်ရှိသူများက ဆိုသည်။
ဂျာမနီနိုင်ငံအနေဖြင့် အဆိုပါလူနာများ၏ ဆေးကုသမှုကုန်ကျစရိတ်များကို ကျခံပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့နားလည်ထားသည့် ဥရောပသမဂ္ဂ၏စည်းလုံးညီညွတ်မှုဆိုသော အရာပင်ဖြစ်ကြောင်း ဧပြီ ၂၀ ရက်ကကျင်းပသော ဗိုင်းရပ်စ်အရေးကိုင်တွယ်ဖြေရှင်းမှု ဝန်ကြီးများအဆင့် အစည်းအဝေးမတိုင်မီ ကျန်းမာရေးဝန်ကြီးစဖန်က ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူအရေအတွက်နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် ၎င်း၏အိမ်နီးချင်းနိုင်ငံအချို့နှင့်ယှဉ်ပါက နည်းပါးသည်။ ဥရောပ၏ စီးပွားရေးအင်အားအကြီး ဆုံးဂျာမနီတွင် ဧပြီ ၂၀ ရက်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၀၀၀၀ ဦးကျော်ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၄၀၄ ဦးရှိနေချိန်တွင် စပိန်နှင့်အီတလီ၌ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀၀ ကျော်သွားပြီဖြစ်ကာ ပြင်သစ်တွင် သေဆုံးသူ ၂၀၀၀၀ နီးပါး၊ ဗြိတိန် တွင် သေဆုံးသူ ၁၆၀၀၀ ကျော်ရှိနေသည်။
ဗိုင်းရပ်စ်ကူးစက်မှုပြဿနာ မစတင်မီ ကတည်းက ဂျာမနီရှိအထူးကြပ်မတ်ကုသ ဆောင်များတွင် ခုတင် ၁၄၀၀၀၀ ကျော်ရှိခဲ့ပြီး နောက်ပိုင်းတွင် ခုတင်အရေအတွက်ကို ၃၀၀၀၀ ထိတိုးမြှင့်ခဲ့သည်။
ဧပြီ ၁၉ ရက်အထိ လူနာခုတင် ၁၂၆၀၀ ကျော် နေရာလွတ်နေသေးကြောင်း အထူးကြပ်မတ်ကုသမှုနှင့် အရေးပေါ်ဆေးကုသရေးအဖွဲ့က ထုတ်ပြန်ထားသည်။
သီတင်းပတ်များစွာကြာ Lockdown ချထားခဲ့ပြီးနောက် ဧပြီ ၂၀ ရက်တွင်ဂျာမနီရှိ ဒေသအများအပြား၌ စျေးဆိုင်အချို့နှင့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဂျာမနီကျန်းမာရေးဝန်ကြီးက ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံသည် COVID- 19 ကူးစက်ပျံ့နှံ့မှုကို အပြင်းအထန်ခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ရောဂါကူးစက်မှု ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းကို အလျင်မြန်ဆုံး ဆောင်ရွက်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။
နိုင်ငံတွင်း၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည် ပထမဆုံးအကြိမ်အဖြစ် တစ်ဦးအောက် လျော့ကျခဲ့သည်ဟု တက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေးဌာနက ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
