ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID-19 စတင်ဖြစ်ပွားချိန်ကတည်းက သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဧပြီ ၂၀ တွင် ထုတ်ပြန်ခဲ့ပြီး လူပေါင်းများစွာကို သေဆုံးစေခဲ့ပြီးဖြစ်သော ကပ်ရောဂါနှင့်ပတ်သက်၍ ၀ါရှင်တန်ကို မည့်သည့်ဖုံးကွယ်ထားမှုမျှ မရှိခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကနဦးအဆင့်၌ WHO က မှိန်ချခဲ့ကြောင်း အမေရိကန်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးနောက် WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ကုလသမဂ္ဂ၏ အေဂျင်စီတွင် မည်သည့်လျှို့ဝှက်ချက်မျှမရှိကြောင်း ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
ထိုရောဂါ စတင်ဖြစ်ပွားခဲ့သော နေ့ကတည်းကပင် ယင်းသည် အားလုံးက တိုက်ထုတ်ရမည့် မကောင်းဆိုးဝါးဖြစ်ကြောင်း မိမိတို့ အသိပေးခဲ့သည်ဟု Tedros က ဂျီနီဗာတွင် အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပြီးခဲ့သော နှစ်နှောင်းပိုင်း၌ စတင်ပေါ်ထွက်ခဲ့သော ထိုဗိုင်းရပ်စ်အား ကူးစက်ခံရသူအရေအတွက်သည် ယခုအခါ ကမ္ဘာတစ်ဝန်း ၂.၄ သန်းကျော် ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်သည် ၁၆၅၀၀၀ ကျော်ရှိကြောင်း အေအက်ဖ်ပီ၏ တွက်ချက်မှုအရ သိရသည်။
လတ်တလောတွင် အမေရိကန်၌ COVID-19 ကြောင့် သေဆုံးသူ ၄၀၀၀၀ ကျော် ရှိလာခဲ့ပြီး မည်သည့်နိုင်ငံထက်မဆို အများဆုံးဖြစ်နေကာ သမ္မတဒေါ်နယ်ထရန့်သည် ယင်းကပ်ရောဂါအား တုံ့ပြန်ဖြေရှင်းမှု နှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။
အမေရိကန်သည် WHO ကို အလှူငွေ အများဆုံးထည့်ဝင်နေသည့်နိုင်ငံ ဖြစ်သည်။ သို့သော် WHO သည် ယင်းဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုနှင့်ပတ်သက်၍ စီမံခန့်ခွဲမှု လွဲချော်ခဲ့ပြီး ဖုံးကွယ်မှုများ ရှိခဲ့ကြောင်း စွပ်စွဲလျက် ထရန့်က ရန်ပုံငွေထည့်ဝင်မှုကို ရပ်ဆိုင်းခဲ့သည်။
ဂျီနီဗာရှိ WHO ၏ဌာနချုပ်တွင် အမေရိကန်အစိုးရ၏ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေခြင်းကြောင့် ၀ါရှင်တန်ကို မည်သည့်အရာမျှ ဖုံးကွယ်ထား၍ မရကြောင်းလည်း Tedros က ထောက်ပြခဲ့သည်။
WHO တွင် အမေရိကန်၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC မှ ဝန်ထမ်း ၁၅ ဦး တာဝန်ထမ်းဆောင်နေပြီး COVID-19 အား တုံ့ပြန်မှုနှင့်ပတ်သက်၍ WHO နှင့် လက်တွဲလုပ်ဆောင်နိုင်ရန် အသေးစိတ် ထုတ်ပြန်ခဲ့ကြောင်းလည်း ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ WHO ဝန်ထမ်းများ ရှိနေခြင်းကြောင့် မိမိတို့သည် ၀ါရှင်တန်ကို အစကတည်းက မည်သည့်အရာမျှ ဖုံးကွယ်ထား၍မရကြောင်း ၎င်းက ပြောကြားခဲ့သည်။
WHO သည် ပွင့်ပွင့်လင်းလင်းရှိပြီး မည်သည့်အရာကိုမျှ မဖုံးကွယ်ထားကြောင်း၊ CDC ကိုသာမက အခြားနိုင်ငံများသို့လည်း သတင်းစကားများ ပေးပို့ခဲ့ကြောင်း၊ သတင်းစကားများ ရရှိမှသာ နိုင်ငံများသည် ကောင်းမွန်စွာနှင့် အလျင်အမြန် ကြိုတင်ပြင်ဆင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်သောကြောင့် နိုင်ငံအားလုံးထံ တူညီသော သတင်းစကားများ ချက်ချင်းရရှိစေလိုကြောင်း Tedros က ပြောကြားခဲ့သည်။
WHO သည် COVID-19 နှင့်ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန်ရန် အလွန်အမင်းနှောင့်နှေးခဲ့ပြီး တရုတ်ကိုလည်း အလွန်အမင်း လိုက်လျောပေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့သည်။
ဝူဟန်တွင် တစ်မူထူးသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ထိုင်ဝမ်က ဒီဇင်ဘာ ၃၁ တွင် အစီရင်ခံစာများ ပေးပို့မှုမှ သဲလွန်စများအား WHO က ခြေရာခံမှု မရှိခြင်းကိုလည်း အမေရိကန်က မေးခွန်းထုတ်ခဲ့သည်။
ဝူဟန်တွင် ကူးစက်ရောဂါ မဟုတ်ပါက လုပ်ဆောင်ရန်မလိုသည့် လုပ်ရပ်အဖြစ် လူနာ ခုနစ်ဦးထက်မနည်းအား သီးခြားခွဲထားကြောင်း ထိုင်ဝမ်က WHO ထံ အကြောင်းကြားခဲ့သည့် အီးမေးလ်နှင့်ပတ်သက်၍ အချေအတင် ငြင်းခုံစရာများ ဖြစ်ပေါ်ခဲ့သည်။
လူအချင်းချင်း ကူးစက်မှုမရှိသေးကြောင်း WHO က ဇန်နဝါရီ ၁၄ တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိုင်ဝမ်၏ သတင်းအချက်အလက်များ ထိမ်ချန်ထားမှုအတွက် အလွန်စိတ်ပျက်မိကြောင်း အမေရိကန်က ဧပြီ ၁၆ တွင် ထုတ်ပြန်ခဲ့သည်။
WHO သည် ဝူဟန်မှ သတင်းများကို သိထားပြီးဖြစ်ပြီး ထိုင်ဝမ်၏ အီးမေးလ်သည် နောက်ထပ် အချက်အလက်များ တောင်းခံခြင်းသာဖြစ်ကြောင်း Tedros က ပြောကြားခဲ့သည်။
ရရှိထားသော အထောက်အထား အားလုံးအရ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် ပြီးခဲ့သောနှစ် နှောင်းပိုင်းတွင် တရုတ်၌ လင်းနို့များမှတစ်ဆင့် စတင်ခဲ့ကြောင်း ပြသနေခဲ့ပြီး ဓာတ်ခွဲခန်းတစ်ခုတွင် ဖန်တီးထားခြင်း မဟုတ်ကြောင်း WHO ၏ပြောခွင့်ရပုဂ္ဂိုလ် Fadela Chaib က ဧပြီ ၂၁ တွင် ဂျီနီဗာ၌ သတင်းအစီရင်ခံမှုတွင် ထုတ်ပြန်ခဲ့သည်။
အထောက်အထားအားလုံးအရ ယင်းဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းတွင် ဖန်တီးထားခြင်းမဟုတ်ကြောင်း၊ ဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ စတင်ဖြစ်ပေါ်မှု အလွန်ဖြစ်နိုင်ခြေရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်အလယ်ပိုင်း ဝူဟန်မြို့၏ ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်ခဲ့ခြင်း ဟုတ် မဟုတ်ကို အမေရိကန်အစိုးရက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ထရန့်က ပြီးခဲ့သောသီတင်းပတ်တွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
