ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးသည် နာလန်ထရန် လာမည့်နှစ်အတန်ကြာ အချိန်ယူရမည်ဟု စီးပွားပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့ OECD က ဧပြီ ၂၃ ရက်တွင် သတိပေးခဲ့သည်။
OECD အတွင်းရေးမှူးချုပ် အိန်ဂျယ်ဂါရီယာက စီးပွားရေးရှော့ရမှုသည်လည်း စီးပွားရေးပျက်ကပ်ထက် ပို၍ ကြီးထွားနှင့်ခဲ့ပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“နိုင်ငံတွေအနေနဲ့ အလျင်အမြန် ပြန်ထနိုင်လိမ့်မယ်လို့ ယုံကြည်တာဟာ ဖြစ်စေချင်တာကို တွေးတာမျိုးပါပဲ” ဟု ၎င်းက BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ရောဂါကို အရှိန်အဟုန်မြှင့် စစ်ဆေးဖော်ထုတ်ခြင်းနှင့် ကုသခြင်းတို့ သေချာစေရန်အတွက် သုံးစွဲမှုများကို မြှင့်တင်ရေးကိုလည်း OECD က အစိုးရအဖွဲ့များကို တောင်းဆိုခဲ့သည်။
ပြင်းထန်သည့် ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးကြီးထွားမှုသည် ၁.၅ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်ဟု ယခင်က ခန့်မှန်းထားမှုသည် အကောင်းမြင်လွန်းခြင်းဖြစ်သည်ဟုလည်း ဂါရီယာက သတိပေးခဲ့သည်။
အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် ကုမ္ပဏီများ၏ ကျရှုံးမှုများမှာ အရေအတွက်အရ သေချာစွာ သိရှိရခြင်းမရှိသေးသော်လည်း နိုင်ငံများအနေဖြင့် စီးပွားရေးထိုးကျမှုများကို လာမည့်နှစ်ပေါင်းအတန်ကြာ ရင်ဆိုင်ရလိမ့်မည်ဟု ဂါရီယာက ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံများစွာသည် လာမည့်လများတွင် စီးပွားရေးပျက်ကပ်အတွင်း သက်ဆင်းရလိမ့်မည်ဖြစ်ကြောင်းနှင့် သုံးလပတ် နှစ်ခုဆက်တိုက် ကျဆင်းလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စီးပွားရေးပျက်ကပ်တစ်ရပ် မကြုံတွေ့ရဘူးဆိုရင်တောင် ပိုပြီးကြီးမားတဲ့ နိုင်ငံတချို့အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများရဲ့ စီးပွားရေးမှာ ကြီးထွားမှုမရှိတာမျိုးနဲ့ အနုတ်လက္ခဏာပြတာမျိုး ဖြစ်လာပါမယ်။ ဒါကြောင့် ဒီနှစ်မှာ စီးပွားရေးကြီးထွားမှု နိမ့်ပါးတာကိုသာမက နောက်လာမည့်အနာဂတ်မှာ နာလန်ထဖို့ ပိုပြီးအချိန်ကြာကြာ ယူရမှာကိုပါ ကြုံတွေ့ရပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်သည့် စီးပွားရေးမရေရာမှုက နိုင်ငံများအနေဖြင့် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု သို့မဟုတ် ၂၀၀၈ စီးပွားရေး ပျက်ကပ်အတွင်းကထက် ပိုမိုကြီးမားသည့် ရှော့ကို ခံစားရနှင့်ပြီးဖြစ်သည့် သဘောကို ပြနေကြောင်းလည်း ဂါရီယာက ပြောကြားခဲ့သည်။
“လူဘယ်လောက်များများဟာ အလုပ်လက်မဲ့ဖြစ်သွားသလဲ ကျွန်တော်တို့ မသိတာကြောင့် အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းဖို့ ဘယ်လောက်ကြာအောင် အချိန်ယူရမယ်ဆိုတာ ကျွန်တော်တို့ မသိတာက အကြောင်းရင်းတစ်ရပ် ဖြစ်ပါလိမ့်မယ်။ ထိခိုက်ခံစားရနှင့်ပြီးဖြစ်တဲ့ သိန်းနဲ့ချီတဲ့ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေကို ကုစားဖို့ ဘယ်လောက်ကြာအောင် အချိန်ယူရမယ်ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာတစ်လွှားရှိ အစိုးရအဖွဲ့များသည် ရောဂါကူးစက်ပျံ့နှံ့မှုအတွင်း အလုပ်သမားများနှင့် လုပ်ငန်းများကို ထောက်ပ့ံရန် ကြိုတင်ရည်ရွယ်ထားခြင်းမရှိသည့် ခြေလှမ်းများကို လှမ်းခဲ့ကြရသည်။
ဗြိတိန်မှ မူဝါဒချမှတ်သူများသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့နေမှုကြောင့် အလုပ်မဆင်းရသည့် လုပ်သားများအတွက် လုပ်ခလစာများကို ပေးချေပေးမည်ဟု ကတိပြုထားပြီးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
